မနီလာ – ဇူလိုင်(၂၆) 

ဖိလစ်ပိုင်နိုင်ငံ မြို့တော်ပတ်ဝန်းကျင်က တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ လူ(၃) ဦးသေဆုံးခဲ့ပြီး နိုင်ငံတောင်ပိုင်းဒေသက မြို့တော်ဝန်ဟောင်းတစ်ဦးပါဝင်ခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ 

နိုင်ငံတောင်ပိုင်းက မြို့တော် လာမီတန်ရဲ့ မြို့တော်ဝန်ဟောင်းကို လုပ်ကြံလိုတဲ့အတွက် ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောဆိုထားပါတယ်။ 

တက္ကသိုလ်လုံခြုံရေးအရာရှိတစ်ဦးလည်း ဒီဖြစ်စဉ်မှာ ပစ်ခတ်ခံခဲ့ရပြီး သံသယ တရားခံကို ကားနဲ့ လက်လံဖမ်းဆီးနိုင်ခဲ့ပြီးလက်ရှိအချိန်မှာ စုံစမ်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ 

“တရားခံမှာ လုပ်ကြံမှုအတွက် ကြံစည်ထားသူဖြစ်ပြီး ပစ္စတိုနှစ်လက် သိမ်းဆည်းရမိခဲ့ပါ တယ်”  လို့ ရဲတပ်ဖွဲ့က  ပြောဆိုထားပါတယ်။ 

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Quezon ဟာ မြို့ငယ်ပေါင်း (၁၆၀) ကျော်နဲ့ဖွဲ့စည်းထားပြီး လူဦးရေ (၁၃) သန်းကျော်နေထိုင်တဲ့ မြို့တော်မနီလာဒေသရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။  

သေနတ်သမားဟာ ဘွဲ့နှင်းသဘင်အခမ်းအနားနဲ့ သက်ဆိုင်မှုမရှိပဲ ဘာဆီလန် ခရိုင်ဒေသန္တရ လာမင်တန်မြို့မှာ နေထိုင်သူဖြစ်ပြီး ဓါးပြမှု၊ပန်ပေးဆွဲမှုတွေကြောင့် လူသိများတဲ့ အစ္စလာမ်နိုင်ငံ ဖြစ်ပေါ်ရေး အစွန်ရောက်အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာတော့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ရပ်တန့်ခဲ့ပြီး ပစ်ခတ်မှုမှာ တတိယမြောက်သေဆုံးခဲ့သူဟာ အမျိုးသားတစ်ဦးဖြစ်ပြီး သီးခြားအတည်ပြုနိုင်တာမရှိ သေးဘူးလို့ သိရပါတယ်။ 

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.