ပေါက် – ဇူလိုင်(၂၆)

မကွေးတိုင်းပေါက်မြို့နယ်က စစ်ကောင်စီတပ်အထိုင်ချထားတဲ့ တပ်ကုန်ကျေးရွာကို ဒေသကာ ကွယ်ရေးတပ်တွေက ဇေယျာသော်စစ်ဆင်ရေးအဖြစ်ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်ပါး စေ(၇) ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ Young Revolution Front ကာကွယ်ရေးတပ်က သံလွင်တိုင်းမ် ကို ပြောပါတယ်။ စစ်ကောင်စီက ကြိုးပေးစီရင်ခဲ့တဲ့ ကိုဂျင်မီ၊ကိုဇေယျာသော်၊ကိုသူရဇော်နဲ့ ကိုလှမျိုးအောင်တို့ အတွက် လက်တုန့်ပြန်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “ကာကွယ်ရေးအဖွဲ့ရှစ်ဖို့ပေါင်းပြီးတိုက်တာ။ သူတို့စခန်းချထားတဲ့တပ်ကုန်းရွာကိုတိုက်တာပါ။ ကျွန်တော်တို့ကလက်နက်ချဖို့မပြေးဖို့ပြောတယ်။ သူတို့ကပြေးတော့ ကျွန်တောတို့ကပစ်ရတာ။ ခွေးခုနှစ်ကောင်သေတယ်။” လို့ Young Revolution Front ရဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။တိုက်ပွဲဟာ ဒီနေ့ မနက်(၅) နာရီဝန်းကျင်ကနေ (၇) နာရီကျော်အထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီပိုင်ဆိုင် တဲ့ ဆိုင်ကယ်(၁၈)စီး၊သေနတ်(၁) လက်နဲ့ကျည်ဆံ(၁၀၀) ကျော်၊ လက်ပစ်ဗုံးတို့ကို သိမ်းဆည်း ရမိခဲ့ တယ်လို့ သူက ပြောပါသေးတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့နေရာက (၁၀) မိုင်ဝန်းကျင်ဝေးတဲ့ ပေါက်မြို့နယ်ကနေ အင်အား (၁၀၀) ကျော်နဲ့ စစ်ကူလာနေတယ်လို့ သိရပါတယ်။ တပ်ကုန်းရွာကို ပေါက်တောင်ပိုင်း ပျောက်ကြားတပ်-SPGF၊YDF Saw တပ်ရင်း – ၉၊ ၁၀၊ Yenangyang PDF၊ တပ်ရင်း (၇၁၂) ၊ PPC၊ Pauk PDF တပ်ရင်း -၄၊Pauk PDF တပ်ရင်း -၆၊CAF -Spu pdf၊Young Revolution Front – YRF တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ကြတာဖြစ်ပါတယ်။ သတင်း – သံလွင်တိုင်းမ်See translation20,230People reached4,641Engagements+1.6x higherDistribution scoreBoost post

2.3K2.3K18 comments90 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.