မော်လမြိုင် ၊ ဇူလိုင် ၂၆

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ဥပဒေမဲ့ လူမဆန်စွာ သေဒဏ်စီရင် သတ်ဖြတ်လိုက်တဲ့အပေါ် မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံပိုင် သတင်းစာကနေ ထုတ်ပြန်ချက်အရ သေဒဏ်စီရင်ခံရသူ လေးဦးကို ပွင့်လင်းမြင်သာမှု၊တရားမျှတမှု၊ ဥပဒေလုပ်ထုံးလုပ်နည်း၊ နိုင်ငံတကာလူ့အခွင့်ရေးစံချိန်စံညွန်းနဲ့ မကိုက်ညီဘဲ အကျဉ်းချုံး သေဒဏ်ချမှတ်ခြင်း (Summary Execution) လုပ်ဆောင်ခဲ့တာလို့ MSICC က ထုတ်ပြန်ပါတယ်။အခုလို ဥပဒေမဲ့ ဆောင်ရွက်မှုကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက အစဉ်တစိုက် တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တောင်းဆိုချက်ကို စစ်ကောင်စီက လုံးဝလစ်လျူရှုလိုက်တယ်လို့ မှတ်ချက်ပြုပါတယ်။ဒါ့အပြင် စစ်ကောင်စီရဲ့ အခုလုပ်ရပ်ကြောင့် ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားဖက်ဒရယ်အင်အားစုတွေအပေါ် ဆက်လက် အကြမ်းဖက်တိုက်ခိုက်မယ့် သက်သေဖြစ်နေမယ်လို့လည်း MSICC က ဆိုပါတယ်။အခုလုပ်ရပ်ကြောင့် လက်ရှိတည်ရှိနေတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေ အရှိန်အဟုန် ပိုမြင့်လာမယ့်အပြင် စစ်ကောင်စီရဲ့ ရာဇဝတ်မှု အကြမ်းဖက်မှုတွေက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် ကြီးမားတဲ့ အဟန့်အတား ဖြစ်စေတယ်လို့ MSICC က တုံ့ပြန်ပါတယ်။MSICC အနေနဲ့ ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ မွန်ပြည်နယ်သူ/ပြည်နယ်သားတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှကို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန် ကြေညာပါတယ်။မွန်ပြည်ကြားကာလ ပူး‌ပေါင်းဆောင်ရွက်ရေးကော်မတီ(MSICC) ဟာ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ ကော်မတီ တစ်ခု ဖြစ်ပြီး လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှာ ဝန်ကြီးသုံးဦးနဲ့ အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံကောင်စီ(NUCC) မှာ ကိုယ်စားလှယ်သုံးဦး ပါဝင်နေပါတယ်။သတင်း-သံလွင်တိုင်းမ်See translation4,340People reached159Engagements-2.0x lowerDistribution scoreBoost post

1861864 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.