ရန်ကုန် – ဇူလိုင်(၂၃)

ပြင်သစ်ကုမ္ပဏီတိုတယ်အင်နာဂျီဟာ ရတနာ စီမံကိန်းကနေ ဇူလိုင်လ(၂၀) ရက်နေ့က ထွက်ခါခဲ့ပြီး ဒီလိုလုပ်ဆောင်တာဟာ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုကိုလျစ်လျူရှုပြီး စီးပွားရေးနဲ့ လူ့အခွင့် အရေးဆိုင်ရာတွေကို တာဝန်မယူဘဲတာဝန်မဲ့စွာ ထွက်ခွာတာမို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ် ရှားမှုအဖွဲ့က အပြင်းအထန်ရှုတ်ချခဲ့ပါတယ်။ နှစ်ပေါင်း(၃၀) ကျော်ကြာ မြန်မာ့သယံဇာတအရင်းအမြစ်တွေကနေ အကျိုးအမြတ်တွေရယူခဲ့ပြီး နောက်ဆုံးထွက်ခွာခဲ့ချိန်မှာလည်း စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို လျစ် လျူရှုကာ စစ်တပ်ကို ငွေကြေး အထောက်အပံ့ပြုခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတဲ့ စစ်အုပ်စုကို ငွေကြေးလွှဲပြောင်းဖို့အတွက် အမေရိကန် ဘဏ်တွေကတဆင့် အသုံးပြုနေတာ ဖြစ်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကပြောဆိုထားတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ က တိုတယ်ကုမ္ပဏီအနေနဲ့ စစ်အုပ်စုကို ဓာတ်ငွေ့ဝင်ငွေတွေလွှဲ ပြောင်းနေတာကို ဆိုင်းငံ့ထားဖို့နဲ့ ငွေကြေး လွှဲပြောင်းရာမှာ တတိယအကောင့်မှာပဲ သိမ်းဆည်း ထားဖို့ တောင်းဆိုထားပေမယ့် စစ်အုပ်စုကိုသာတစ်နှစ်ပတ်လုံးငွေးကြေးလွှဲပြောင်းခဲသလို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကို ရှယ်ယာတွေလွှဲပြောင်းကာ ဥရောပသမဂ္ဂ ရဲ့ ပိတ်ဆို့အရေးယူမှုတွေကနေကင်းလွတ်ခွင့်ရဖို့ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ တိုတယ်ကုမ္ပဏီ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားချိန်မှာ စစ်အုပ်စုက နိုင်ငံရဲ့ အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်ကနေ အကျိုးအမြတ်တွေပိုမိုရရှိလာနိုင်တယ်လို့ လူ့အခွင့်အရေး စောင့် ကြည့်လေ့လာရေးအဖွဲ့(HRW) က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံကထွက်ခွာသွားတဲ့ တိုတယ် ကုမ္ပဏီပိုင်ဆိုင်တဲ့ အစုရှယ်ယာတွေကို မိတ်ဖက်ရင်းနှီးမြှုပ် နှံသူ တွေဖြစ်တဲ့ အမေရိကန်ကုမ္ပဏီ Chevron ၊ ထိုင်းနိုင်ငံအခြေစိုက် PTTE ၊နဲ့ စစ်အုပ်စုထိန်းချုပ်ခံ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ဟာဆက်လက်လုပ်ကိုင်နေကြပါတယ်။ တိုတယ်ဟာ ရှယ်ဗရွန်၊ PTTEP တို့နဲ့ ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ဖက်စပ်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့ကြတာပါ။သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က စစ်ကောင်စီအတွက် သန်းပေါင်းများစွာသော ငွေကြေးတွေကို ဆက်လက်ထောက်ပံ့ပေးဖို့ အော်ပရေတာအသစ်ကို ခေါ်ဆောင်လာခဲ့တာမို့ စစ်အုပ်စုကို အစိုးရလို ဆက်ဆံနေတာတွေကို ရပ်တန့်ဖို့ လည်းတောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.