ဝါရှင်တန် – ဇူလိုင်(၂၄) 

ယူကရိန်းနိုင်ငံကို အမေရိကန်လုပ် တိုက်လေယာဉ်တွေစေလွှတ်နိုင်ဖို့ ရှိ၊မရှိနဲ့ ပတ်သက်ပြီး အမေရိကန်က နည်းလမ်းရှာဖွေနေတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ(၂၂) ရက်နေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

ဘိုင်ဒင် အစိုးရက ယူကရိန်းကို ဂျက်တိုက်လေယာဉ်တွေပေးအပ်နိုင်ဖို့ ပဏာမ စူးစမ်းလေ့လာမှု တွေပြုလုပ်နေချိန်မှာ ဒီကိစ္စဟာ ချက်ချင်းလုပ်ဆောင်ရမယ့် အရာမဟုတ်ဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်က သတင်းထောက်တွေကို ရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့တာပါ။ 

ကိစ္စဟာ ရုရှားနဲ့ တိုက်ခိုက်ချိန်မှာ ယူကရိန်းအတွက် အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှုတိုးမြှင့် လာတာဖြစ်ပြီး ယူကရိန်းအတွက်အမေရိကန်က လက်ရှိအချိန်ထိလုံခြုံရေးအတွက် ဒေါ်လာ (၈.၂) ဘီလျံကိုထောက်ပံ့ပေးထားပါတယ်။ 

ဒရုန်းအတွက် ဒေါ်လာသန်း(၁၀၀) အပါအဝင်ရုရှားရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ စုစုပေါင်း ဒေါ်လာသန်း(၂၇၀) ထောက်ပံ့ပြီး ယူကရိန်းအတွက်နောက်ဆုံးပေါ်အမေရိကန်လက်နက် အကူအညီအသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ခွင့်ပြုချက်ကြောင့် ယူကရိန်းပုဂ္ဂလိကပိုင် AEVEX Aerospace LLC ရဲ့ Phoenix Ghost မောင်းသူမဲ့ လေယာဉ်အစီးရေ (၅၈၀) ကို ရရှိမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ 

ဒီအစီအစဉ်မှာ တခြားကာကွယ်ရေးအကူအညီအတွက် ဒေါ်လာ(၁၇၅) သန်းအထိ အကျုံးဝင် မှာဖြစ်တယ်လို့ အိမ်ဖြူတော်က ဖော်ပြထားပါတယ်။ 

ပိုမိုအဆင့်မြင့်တဲ့ မိုဘိုင်း အမြှာက်ပစ်ဒုံးပျံစနစ် ဟိုင်းမားစ်(HIMARS) နဲ့ စစ်မြေပြင်မှာ ယူကရိန်းနိုင်ငံသားတွေအသုံးပြုနေတဲ့ တခြားသော လက်နက်တွေပါဝင်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ထုတ်ပြန်ချက်မှာဖာ်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဥရောပရဲ့ အဆိုးရွားဆုံးဋိပက္ခအဖြစ် ရုရှားက ယူကရိန်းကို တိုက်ခိုက်ဖို့ ကြိုးပမ်းနေချိန်မှာ နောက်ထပ် အမေရိကန် ရန်ပုံငွေတွေထွက်ပေါ်လာခဲ့တာပါ။ 

ယူကရိန်းဟာ တန်ပြန်တိုက်ခိုက်မှုနဲ့ နယ်မြေပြန်လည်သိမ်းပိုက်ရေး ကြိုးပမ်းမှုမှာ အနောက်နိုင်ငံ တွေရဲ့ လက်နက်တွေကို အားကိုးနေတဲ့ပြီး သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ရုရှားနိုင်ငံအပေါ် ကြီးမား တဲ့ ပျက်ဆီးဆုံးရှုံးမှုတွေရှိလာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်းစကီးက ပြောဆိုထားပါ တယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.