ဖူးခက် – ဇူလိုင်(၂၄) 

ထိုင်နိုင်ငံမှာ ပထမဦးဆုံးမျောက်ကျောက်ရောဂါကို စမ်းသပ်တွေ့ရှိခဲ့ပြီး ကူးစက်ခံထားရသူမှာ အသက်(၂၇) နှစ်အရွယ်နိုင်ဂျီးရီးယားနိုင်ငံသားဖြစ်ကာ အဲ့ဒီလူနာဟာ အခုချိန်မှာပျောက်ဆုံး နေတယ်လို့ ဖူးခက်ပြည်သူ့ကျန်းမာရေးရုံးက ပြောပါတယ်။ 

မျောက်ကျောက်ရောဂါလက္ခဏာနဲ့အတူ လူနာတစ်ဦး ပုဂ္ဂလိကဆေးရုံကို ရောက်ရှိလာပြီးနောက် ပြီးခဲ့တဲ့ အပတ်စနေနဲ့တနင်္ဂနွေနေ့မှာ ဖူးခက်မြို့ရဲ့ အကျော်ကြားဆုံးအပန်းဖြေစခန်းမှာ အဲ့ဒီ ရောဂါကူးစက်မှုဖြစ်စဉ်ကို စမ်းသပ်တွေ့ရှိခဲ့တာပါ။ 

ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအရ လူနာဆီက သွေးနမူနာကို ဆေးရုံက ရယူပြီး ဓာတ်ခွဲစစ်ဆေးမှုတွေကိုပြုလုပ်ပြီး ရောဂါရှိတယ်လို့ အဖြေရလဒ်ရရှိခဲ့တာဖြစ်ပါတယ်။ 

“ဂျူလိုင် ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ ချူလာလောင်ကွန်တက္ကသိုလ်ကနေ ပေးပို့လာတဲ့ ပထမဆုံးဓါတ်ခွဲအဖြေကို သိခဲ့ရတာပါ။ ရလဒ်ကို လေ့လာပြီး လူနာကို ဆေးကုသမှုအတွက် လွှဲပြောင်းပေးဖို့ ဆက်သွယ်ရမှာတော့ သူက ဖုန်းမကိုင်ခဲ့ဘူး၊ ဖုန်းကို ပိတ်ပစ်ထားခဲ့ပါတယ်”လို့ ဖူးခက်ပြည့်သူ့ကျန်းမာရေးရုံးအကြီးအကဲ ဒေါက်တာ ကူးဆက်က သတင်းစာရှင်းလင်းပွဲမှာ  ပြောခဲ့ပါတယ်။ 

ဖူးခတ်ကျန်းမာရေးအကြီးအကဲရဲ့ ပြောဆိုချက်အရ လူနာဟာ ၂၀၂၁ ခုနှစ်အောက်တိုဘာလ (၂၁) ရက်နေ့က ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့ပြီး ဖူးခက်မြို့ ပသောင်ကမ်းခြေက ကွန်ဒိုတစ်ခု မှာနိုဝင်ဘာလက စတင်ပြီး နေထိုင်ခဲ့တာဖြစ်ကာ ခရိုင်ဒေသန္တရအတွင်းက ဖျော်ဖြေရေး ပရဝဏ်တွေကိုလည်း မကြာခဏသွားရောက်လေ့ရှိသူဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၆) ရက်နေ့က ဆးရုံကို ရောက်ရှိလာပြီးနောက်လူနာကို သူနေထိုင်ရာ တိုက်ခန်းအတွင်းမှာပဲ ကွာရန်တင်းနေထိုင်ဖို့ အကြံပေးထားပါတယ်။ 

ဒါ့အပြင် ရုပ်သံမှတ်တမ်းတွေအရ အဲ့ဒီလူနာဆီကို ဓာတ်ခွဲအဖြေကို အကြောင်းကြားခဲ့တဲ့ ဇူလိုင်လ(၁၈) ရက်နေ့မှာ သူ့နေအိမ်က ထွက်ခွာခဲ့ပြိး ပသောင်ကမ်းခြေက ဟိုတယ်တစ်ခုမှာ နေထိုင်ခဲ့တယ်လို့ ဒေါက်တာကူးဆက်က ပြောဆိုခဲ့ပါတယ်။ 

“လူနာက ဇူလိုင်လ ၁၉ ရက်နေ့အထိ ဟော်တယ်ခန်းထဲမှာပဲရှိနေခဲ့ပြီးတော့ ဝန်ထမ်းတွေကို အခန်းသန့်ရှင်းရေးလုပ်ခွင့်မပေးခဲ့ပါဘူး။ အဲ့ဒီနေ့ရဲ့ ည ၉နာရီမှာတော့ ဧည်ကြိုမှာ အခန်း‌‌သော့ အပ်ပြီးတော့ ထွက်သွားခဲ့ပါတယ်” လို့ဒေါက်တာ ကူးဆက် က ပြောခဲ့ပါတယ်။ 

ကျန်းမာရေးအာဏာပိုင်တွေနဲ့ ဒေသအာဏာပိုင်တွေဟာ လူနာကို ဆေးကုသမှုပေးနိုင်ဖို့နဲ့ ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် တနင်္လာနေ့က စတင်ပြီး ကူးစက်ဖြစ်စဉ်ရှာဖွေတာ ခြေရာခံစစ် ဆေး နည်းလမ်းတွေနဲ့အတူ ခြေရာခံရှာဖွေနေတယ်လို့ သိရပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.