ရန်ကုန် ၊ ဇူလိုင် (၂၄)

မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်နေချိန်မှာ အမေရိကန် နိုင်ငံသား တစ်ဦးအား မတရား ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း အမေရိကန် သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက AFP သို့ သောကြာ (ဇူလိုင် ၂၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံက အမေရိကန် နိုင်ငံသားတစ်ဦးကို မတရား ဖမ်းဆီးထိန်းသိမ်းတာကို ကျွန်တော်တို့ သိပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက AFP သို့ ပြောကြားခဲ့ပါတယ်။

မနှစ်က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချခဲ့ကာ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုစတင်နိုင်ရန် အမေရိကန်က ဦးဆောင်ခဲ့ပြီး စစ်အစိုးရရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေနဲ့ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများကို ဖြိုခွင်းရာမှာ နိုင်ငံခြားသားအများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။

အဆိုပါ အမေရိကန် နိုင်ငံသားအား မည်မျှကြာအောင် ဖမ်းဆီးထိန်းသိမ်းထားသည် သို့မဟုတ် စစ်အစိုးရ အာဏာပိုင်များက စွဲချက်တင်ထားခြင်း ရှိမရှိ အသေးစိတ်ကိုတော့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်း မရှိပါဘူး။

အင်္ဂါနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်များကို တရားမမျှတစွာ ဖမ်းဆီးထောင်ချသည့် အစိုးရများကို ပိတ်ဆို့အရေးယူရန် လမ်းဖွင့်ပေးခဲ့ပြီး ဆက်တိုက်ဆိုသလို ဖမ်းဆီးခံရပြီးနောက် အသေးစိတ် ခရီးသွားသတိပေးချက်များကို ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသော ခရီးသွားလာရေးဆိုင်ရာ အကြံပေးချက်များမှာ ယခုအခါ မည်သည့်နိုင်ငံများ၌ မတရားဖမ်းဆီးခံရနိုင်ခြေ မြင့်မားလာမှုကို မီးမောင်း ထိုးပြထားပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား၊ ရုရှားနှင့် ဗင်နီဇွဲလားတို့နှင့်အတူ ထိန်းသိမ်းရေးအန္တရာယ်အတွက် “D” အမှတ်အသားပြုတဲ့ ကနဦးအုပ်စုမှာ ပါဝင်နေပါတယ်။

ပိုလန်ဓာတ်ပုံသတင်းထောက် နှင့် ဂျပန်သတင်းထောက်တို့သည်လည်း မြန်မာ့ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အစောပိုင်းဆန္ဒပြမှုများအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

မြန်မာစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများကို ထောက်ခံအားပေးသည်ဟုဆိုကာ အမေရိကန် နိုင်ငံသား ကိုနေသန်မောင်ကိုလည်း ပြီးခဲ့သောနှစ် မတ်လမှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမယ့် လအနည်းငယ်အကြာမှာ အမေရိကန်နိုင်ငံသား ကိုနေသန်မောင်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

သတင်းသမားနှင့် အမေရိကန် နိုင်ငံသား Danny Fenster ကို ၂၀၂၁ ခုနှစ် မေလမှာ ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလတွင် မတရားအသင်းများနှင့် ပူးပေါင်းမှု၊ စစ်တပ်ကို ဆန့်ကျင်ရန် လှုံ့ဆော်မှုနဲ့ ဗီဇာစည်းကမ်းများကို ချိုးဖောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ရက်ပိုင်းအကြာမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်လာပြီး မြန်မာနိုင်ငံမှ အမေရိကန်သို့ ပြန်ပို့ခဲ့ပါတယ်။

Ref: The Straitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.