July 24, 2022

စစ်အာဏာသိမ်းမှုဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံသားများဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကြောင်း အမေရိကန်သံရုံးမှ ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင် (၂၄) မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်နေချိန်မှာ အမေရိကန် နိုင်ငံသား တစ်ဦးအား မတရား ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း အမေရိကန် သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက AFP သို့ သောကြာ (ဇူလိုင် ၂၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံက အမေရိကန် နိုင်ငံသားတစ်ဦးကို မတရား…

အမေရိကန်လုပ်တိုက်လေယာဉ်တွေကို ယူကရိန်းနိုင်ငံပို့ဖို့ ဆွေးနွေးနေ

ဝါရှင်တန် – ဇူလိုင်(၂၄) ယူကရိန်းနိုင်ငံကို အမေရိကန်လုပ် တိုက်လေယာဉ်တွေစေလွှတ်နိုင်ဖို့ ရှိ၊မရှိနဲ့ ပတ်သက်ပြီး အမေရိကန်က နည်းလမ်းရှာဖွေနေတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ(၂၂) ရက်နေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဘိုင်ဒင် အစိုးရက ယူကရိန်းကို ဂျက်တိုက်လေယာဉ်တွေပေးအပ်နိုင်ဖို့ ပဏာမ စူးစမ်းလေ့လာမှု တွေပြုလုပ်နေချိန်မှာ ဒီကိစ္စဟာ ချက်ချင်းလုပ်ဆောင်ရမယ့် အရာမဟုတ်ဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်က သတင်းထောက်တွေကို ရှင်းလင်းပွဲတစ်ခုမှာ…

ထိုင်းနိုင်ငံဖူးခက်မြို့မှာ ပထမဆုံးမျောက်ကျောက်ကူးစက်ခံရထားတဲ့သူပျောက်ဆုံးနေ

ဖူးခက် – ဇူလိုင်(၂၄) ထိုင်နိုင်ငံမှာ ပထမဦးဆုံးမျောက်ကျောက်ရောဂါကို စမ်းသပ်တွေ့ရှိခဲ့ပြီး ကူးစက်ခံထားရသူမှာ အသက်(၂၇) နှစ်အရွယ်နိုင်ဂျီးရီးယားနိုင်ငံသားဖြစ်ကာ အဲ့ဒီလူနာဟာ အခုချိန်မှာပျောက်ဆုံး နေတယ်လို့ ဖူးခက်ပြည်သူ့ကျန်းမာရေးရုံးက ပြောပါတယ်။ မျောက်ကျောက်ရောဂါလက္ခဏာနဲ့အတူ လူနာတစ်ဦး ပုဂ္ဂလိကဆေးရုံကို ရောက်ရှိလာပြီးနောက် ပြီးခဲ့တဲ့ အပတ်စနေနဲ့တနင်္ဂနွေနေ့မှာ ဖူးခက်မြို့ရဲ့ အကျော်ကြားဆုံးအပန်းဖြေစခန်းမှာ အဲ့ဒီ ရောဂါကူးစက်မှုဖြစ်စဉ်ကို စမ်းသပ်တွေ့ရှိခဲ့တာပါ။ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအရ လူနာဆီက သွေးနမူနာကို ဆေးရုံက…