ဂျာကာတာ – ဇူလိုင်(၂၃) 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ဟာ လာမယ် ဇူလိုင်လ(၂၆) ရက်နေ့ ဘေဂျင်းမြို့ကို အလည် အပတ်ရောက်ရှိချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာဖြစ်သလို ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။ 

တရုတ်နိုင်ငံဟာ အင်ဒိုနီးရှားရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၀၀) ဘီလျံရှိခဲ့တာပါ။ 

“ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်ဟာ ၂၀၂၁ ခုနှစ်တွင်စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး US$ 3.2 ဘီလီယံဝန်းကျင်ရှိတဲ့ တတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်တယ်” လို့ သတင်းစာရှင်းလင်းပွဲ တခုမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်မိုမာဆူဒီက ပြောဆိုထားပါတယ်။ 

မစ္စတာဝီဒိုဒိုဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ရှီကျင့်ဖျင် လက်ခံတွေ့ဆုံတဲ့ ပထမဆုံး ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

တရုတ်နိုင်ငံဘေဂျင်းမြို့ကို သွားရောက်ပြီးရင် မစ္စတာဂျိုကိုဝီဟာ ဇူလိုင်လ(၂၇) ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်သလို အဲ့ဒီကနေ တောင်ကိုရီးယားနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

“ကျွန်တော်တို့ သိတဲ့အတိုင်း ဒီသုံးနိုင်ငံဟာ စီးပွားရေးနယ်ပယ်မှာ အင်ဒိုနီးရှားရဲ့ ဗျူဟာမြောက် မိတ်ဖက်တွေပါ။ ဒေသတွင်း ပြဿနာတွေကို ဆွေးနွေးတဲ့အခါ ဒီသုံးနိုင်ငံဟာ အင်ဒိုနီးရှားနဲ့ အာဆီယံရဲ့ ဗျူဟာမြောက် မိတ်ဖက်တွေ ဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ 

အဓိကရည်ရွယ်ချက်ဟာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွေမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအားကောင်းလာစေဖို့ ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဂျိုကိုဝီဟာ ဂျပန်နိုင်ငံကို အလည်ပတ်ရောက်ရှိချိန်မှာ ဝန်ကြီးချုပ်ဖူမီယိုကီရှိဒါနဲ့ တွေ့ဆုံပြီး စီးပွားရေးသမားတွေနဲ့ပါတွေ့ဆုံမှာဖြစ်သလို တောင်ကိုရီးယားနိုင်ငံမှာလည်း သမ္မတ ယွန်းဆုခ် ယိုနဲ့ အတူ စီးပွားရေးအသိုင်းအဝိုင်းတွေနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

အင်ဒိုနီးရှားနဲ့ ဂျပန်တို့ရဲ့ ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ နှစ်က အမေရိကန်ဒေါ်လာ (၃၂) ဘီလျံကျော် တိုးမြင့်လာခဲ့ပြီး အင်ဒိုနီးရှားမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ(၂.၂၆) ဘီလျံအထိရှိနေတာ ဖြစ်ပြီး ယမန်နှစ်က နှစ်နိုင်ငံကြား ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ(၁၈.၄၁) ဘီလျံအထိရှိခဲ့တာပါ။ 

“G-20 အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ အားကောင်းမောင်းသန်ထောက်ခံမှုကို ကျွန်တော်တို့ တန်ဖိုးထား ပါတယ်” လို့ နိုင်ငံသုံးနိုင်ငံရဲ့ ပံ့ပိုးကူညီမှုအပါအဝင် G-20ကို ရည်ညွှန်ပြီး သူက ပြောဆိုခဲ့ ပါတယ်။ 

အရှေ့တောင်အာရှမှာ အကြီးဆုံးစီးပွားရေးနိုင်င့အနေနဲ့ အင်ဒို-ပစိဖိတ်ဒေသကို ငြိမ်းချမ်း တည်ငြိမ်ပြီး သာယာဝပြောတဲ့ဒေသဖြစ်စေဖို့ ကြိုးပမ်းမှုတွေမှာ အင်ဒိုနီးရှားအနေနဲ့ ဆက်လက်ပါဝင်ကူညီဖို့ တာဝန်ရှိတယ်လို့အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောပါသေးတယ်။ 

“မသန့်ရှင်းတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ နိုင်ငံစုံဝါဒရဲ့ တန်ဖိုးတွေ ကျဆင်းနေတဲ့ ကမ္ဘာ့အခြေ အနေတွေ ထဲမှာ အင်ဒိုနီးရှားဟာ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေး စိတ်ဓာတ်ကို ထူထောင်ရာမှာ အမှန်တကယ် ပိုမိုတက်ကြွလာပါ” လို့  သူက ပြောခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.