အစ္စတန်ဘူလ် ၊ ဇူလိုင် (၂၃)

ယူကရိန်းနဲ့ ရုရှားတို့ဟာ ပင်လယ်နက်စပါးတင်ပို့မှု ပိတ်ဆို့လို့ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်းကို လျှော့ပါးသက်သာစေဖို့ ရည်ရွယ်ပြီး ခက်ခဲတဲ့ သဘောတူညီချက်တစ်ရပ်ကို သောကြာနေ့မှာ လက်မှတ်ရေးထိုးကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။  

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အိမ်နီးချင်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း စစ်မက် ဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြား ပထမဆုံးသော သဘောတူညီချက်ဟာ ကမ္ဘာ့စားနပ် ရိက္ခာစျေးနုုန် းတွေမြင့်တက်လာတာနဲ့အတူ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတချို့က လူတွေငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတာပါ။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဘော့စဖိုရပ်စ် ရေလက်ကြားက အစ္စတန်ဘူလ်ရဲ့ ဒေါမ်ဘားခီနန်းတော်မှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားအတွက် ကြာသပတေး နေ့မှာ တူရကီနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ 

“ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် အရေးပါတဲ့ ဆန်တင်ပို့မှုဆိုင်ရာ သဘောတူညီချက်ကို တူရကီသမ္မတ နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်တို့က ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့တွေနဲ့အတူ အစ္စတန်ဘူလ်မှာ လက်မှတ်ရေးထိုး မှာဖြစ်ပါတယ်” လို့  တူရကီခေါင်းဆောင်ရဲ့  ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ 

ယူကရန်းဆိပ်ကမ်းတွေမှာ ဂျုံနဲ့ တခြားစပါးတန်ချိန်(၂၅) သန်းအထိကို ရုရှားစစ်သင်္ဘောတွေနဲ့ အတူ မြေမြှုပ်မိုင်းတွေထောင်ပြီးပိတ်ဆို့ထားတဲ့အတွက်  ယူကရိန်းကတော့  ကုန်းရေနှစ်သွယ် တိုက်ခိုက်မှု တွေကို ရှောင်ရှားဖို့ စီစစဉ်ထားတာဖြစ်ပါတယ်။ 

တူရကီနဲ့ ကုလသမဂ္ဂအရာရှိတွေပြီးခဲ့တဲ့ သီတင်းပတ်က အစ္စတန်ဘူလ်မှာ တက်ရောက်ခဲ့တဲ့ စစ်ပွဲတွေအပြီးနှစ်ဘက်စစ်ရေး ကိုယ်စားလှယ်အဖွဲ့တွေကြား ပထမဆုံး တိုက်ရိုက်ဆွေးနွေးပွဲမှာ ပျော့ပြောင်းတဲ့ ဖြေရှင်းနည်းတွေနဲ့ဖြေရှင်းဖို့ ကနဦးမူကြမ်းတစ်ရပ်ထွက်ပေါ်လာခဲ့တာပါ။ 

နှစ်ဖက်သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဒီသီတင်းပတ်အတွင်း ထပ်မံတွေ့ဆုံဖို့ ရည်ရွယ်ထားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က ပိတ်ဆို့ထားတဲ့ စပါးတင်ပို့မှု ကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်လိုသဘောတူညီချက်ကိုမဆို မျှော်လင့်ထားတယ်လို့ ပြီးခဲ့ တဲ့ရက်ပိုင်းက သတိပေးခဲ့ပြီး ဆွေးနွေးပွဲကိုနှောင့်နှေးစေမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ 

ငါးလကြာစစ်ပွဲဟာ ဥရောပရဲ့ မြေဩဇာအကောင်းဆုံးဒေသတွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာ့စပါး အများဆုံးထုတ်လုပ်တဲ့ နိုင်ငံတွေတိုက်ခိုက်နေတာဖြစ်ပါတယ်။ 

စပါးတွေဟာ ပင်လယ်နက်ကိုဖြတ်ကာ  ဒေသပြင်ပကို တင်ပို့လေ့ရှိတာဖြစ်ပြီး တူရကီနိုင်ငံခြား ရေးဝန်ကြီးက ပူတင်ရဲ့ စိုးရိမ်မှုတွေကို အသိအမှတ်ပြုပြောဆိုထားပါတယ်။ 

“ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ ယူကရိန်းကနေ စပါးနဲ့ နေကြာဆီ တင်ပို့မှုလမ်းကြောင်းကို ဖွင့်ပေးရုံသာမက ရုရှားက ထုတ်ကုန်တွေအတွက်ပါ ဖွင့်လှစ်ပေးရမှာပါ၊ ဒီရုရှားထုတ်ကုန်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မထိခိုက်ဘူးဆိုရင်တောင် ရေကြောင်းပို့ဆောင်ရေး၊ အာမခံနဲ့ ဘဏ်စနစ်တွေမှာ ပိတ်ဆို့တာတွေ ရှိနေပါတယ်၊ အမေရိကန်နဲ့ အီးယူက ဒါတွေကို ရုပ်သိမ်းဖို့ ကတိတွေ ပေးထားတယ်” လို့  သူက ဆိုပါတယ်။ 

နေတိုးအဖွဲ့ဝင် တူရကီဟာ ပဋိပက္ခတစ်လျှောက်လုံး ယူကရိန်း၊ရုရှားတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံ ရေးရှိတဲ့နိုင်ငံဖြစ်ပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.