ရန်ကုန် – ဇူလိုင်(၂၃) 

မြန်မာနိုင်ငံကို ဗဟိုပြုပြီး ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွမှာ ပြင်းအား(၅)ထပ်မကျော်တဲ့ လှုပ်ခတ်မှု(၃) ကြိမ်ပါဝင်တဲ့ ငလျင်လှုပ်ခတ်မှုအကြိမ် (၇၀) ကို မြောက်ပိုင်းနဲ့ အထက်ပိုင်း ပြည်နယ်တွေမှာ တစ်ညတည်းလှုပ်ခတ်ခဲ့ပါတယ်။ 

ချင်းရိုင်းခရိုင် မယ်ဆိုင်ခရိုင် အရှေ့မြောက်ဘက်ကီလိုမီတာ(၈၀) အကွာက မြေမျက်နှာပြင် အောက် လေးကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး (၅.၁) နဲ့ ဇူလိုင်လ(၂၁) ရက်နေ့ က လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသဌာန မြေငလျင်စောင့်ကြည့်ရေးဌာနက ပြောပါတယ်။ 

သောကြာနေ့ ည ၁၂ နာရီကျော်မှာ ပြင်းအား (၆.၄) ရှိတဲ့ မယ်ဆိုင်မြို့အနောက်မြောက်ဘက် (၈၇) ကီလိုမီတာ မြေမျက်နှာပြင်အောက် သုံးကီလုမီတာအကွာမှာ လှုပ်ခတ်သွားတယ်လို့ မှတ်တမ်းထားပါတယ်။ 

ဒါ့အပြင် မနက်(၅) နာရီကျော်မှာလဲ မယ်ဆိုင်မြို့အရှေ့မြောက်ဘက် (၈၂) ကီလိုမီတာအကွာ မြေမျက်နှာပြင်အောက် လေးကီလိုမီတာအကွာမှာ ပြင်းအား (၅.၃) အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

ချင်းရိုင်း ၊ပယောအိုနဲ့ ချင်းမိုင်ခရိုင်တို့မှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပြီးနောက် ပြည်သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို မြေငလျင်စောင့်ကြည့်ရေးဌာနကို သတင်းပို့ ပေးခဲ့ကြပါတယ်။ 

ချင်းမိုင်ခရိုင်၊ချင်းရိုင်းခရိုင်၊မယ်ဆိုင်ခရိုင်၊မောင်းတံခွန်ခရိုင်တွေမှာ နေထိုင်သူတွေကလည်း သူတို့ရဲ့ နေအိမ်တွေမှာ စက္ကန့်အနည်းငယ်လောက်လှုပ်ခတ်သွားတယ်လို့ ဆိုကြပါတယ်။ 

ဇူလိုင်လ(၂၂) ရက်နေ့ မနက်(၈)နာရီကျော်အထိ ငလျင်လှုပ်ခတ်မှု စုစုပေါင်း အကြိမ်(၇၀) ရှိခဲ့တယ်လို့ သိရပါတယ်။

Ref:Bangkok post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.