ဒီမော့ဆို ၊ ဇူလိုင်(၂၂)

စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နိုင်ဖို့ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ လက်နက်ခဲယမ်းအတွက် ထောက်ပံ့ကူညီပေးကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ အမျိုးသမီးရဲဘော်တွေက တောင်းဆိုလိုက်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ က အမျိုးသမီးတပ်ဖွဲ့ကို ပြီးခဲ့တဲ့ မေလမှာ တပ်ဖွဲ့ဝင် အင်အား ၆၀ လောက်နဲ့ စတင် ဖွဲ့စည်းခဲ့တာ  ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမျိုးသမီးတပ်ဖွဲ့တွေဟာ ရှေ့တန်းကနေ တိုက်ပွဲဝင်နိုင်ဖို့အတွက် ပြင်းပြင်းထန်ထန် ကြိုးစားလေကျင့်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသမီးရဲဘော်တွေအတွက် လက်နက်အင်အားမလုံလောက်တာကြောင့် ရှေ့တန်းထွက်ဖို့ အခက်ခဲ ရှိနေကြတာပါ။

KNDF အမျိုးသမီးတပ်ဖွဲ့ဝင် တစ်ဦးကတော့ ရှေ့တန်းကနေ တိုက်ပွဲဝင်နိုင်ဖို့အတွက် လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေကို ပြည်သူတွေအနေနဲ့ ပါဝင်ကူညီပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

KNDF အမျိုးသမီးတပ်ဖွဲ့ဝင်တွေဟာ လက်နက်ခဲယမ်း မလုံလောက်တာကြောင့် ရှေ့တန်းကရဲဘော်တွေအတွက် ထောက်ပို့တာဝန်နဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အဓိက တာဝန်ထမ်းဆောင်နေကြ တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ လက်နက်ခဲယမ်းတွေကို တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေထံ ဦးစားပေး ထောက်ပံ့သွားမယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.