July 16, 2022

ကရင်နီ ဒေသကာကွယ်ရေးတပ်တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအထိနာနေ

ကရင်နီ ၊ ဇူလိုင်(၁၅) ဇူလိုင်လဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ တိုက်ပွဲတွေပြင်း ထန်ခဲ့ပြီး စစ်အုပ်စုဘက်က အသေအဆုံးများခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်က ဒီမော့ဆို မြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖရူးဆိုမြို့နယ်တို့မှာ စစ်ရေးလှုပ်ရှား မှုတွေလုပ်ဆောင်ခဲ့လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာ ပါ။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိနာနေလို့ လက်နက်ကြီးပစ်ကူနဲ့ ပစ်ခတ်ခဲ့သလို…

ကျောက်လှေကား တိုက်ပွဲမှာ PDF ရဲဘော် ၅ ဦး ကျဆုံး

သရက်ချောင်း ၊ ဇူလိုင်(၁၅) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာတိုက်ပွဲမှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ကျောက်လှေကားကျေးရွာအနီး လုံခြုံရေးယူထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း အသုံးပြုပြီး လက်နက်ကြီး ပစ်ခတ် ထိုးစစ်ဆင်တာကြောင့်…

ထားဝယ်နဲ့ ဘားအံက နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရ

ဘားအံ ၊ ဇူလိုင် (၁၆) ထားဝယ်နဲ့ ဘားအံက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အကြောင်းအမျိုးမျိုးပြပြီး ရိုက်နက်ညှဉ်းပန်းနှိပ်စက်တာတွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက် နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်ထဲမှာ ရေချိုးနောက်ကျလို့ဆိုပြီး နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ထောင်အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် ရိုက်နက်ညှဉ်းပန်း…

စစ်ကောင်စီကြောင့် ပြည်ပ ချေးငွေယူထားတဲ့ စီးပွားရေးလုပ်ငန်းတွေ နာမည်ပျက်စာရင်း တင်သွင်းခံရနိုင်

မော်လမြိုင် ၊ ဇူလိုင် (၁၆) စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်း နေထိုင်သူတွေအနေနဲ့ ပြည်ပကနေ ချေးယူထားတဲ့ ချေးငွေတွေရဲ့ အတိုးနဲ့အရင်း ပြန်လည် ပေးဆပ်မှုကို ဆိုင်းငံ့ထားဖို့ ညွှန်ကြားလာတာကြောင့် စီးပွားရေးလုပ်ငန်းတွေကို နာမည်ပျက်စာရင်း တင်သွင်းခံရနိုင်တယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ ပြည်ပကနေ ငွေသားနဲ့ ဖြစ်စေ၊ ပစ္စည်းနဲ့ ဖြစ်စေ…

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေ ပိုမိုကျူးလွန်လာတယ်လို့ KNU ပြော

ညောင်လေးပင် ၊ ဇူလိုင် (၁၆) အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းကာလတွေမှာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေ ပိုမိုကျူးလွန်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ ၃၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ နဲ့ သထုံခရိုင် တပ်မဟာ ၁…

ဆီထွက်သီးနှံတွေ ပို့ကုန်လိုင်စင်လျှောက်ရင် ထောက်ခံချက်ယူဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင် ၊ ဇူလိုင် (၁၆) ဆီထွက်သီးနှံတွေ ပြည်ပတင်ပို့ခွင့်အတွက် ပို့ကုန်လိုင်စင်လျှောက်ထားရာမှာ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်း ထောက်ခံချက် ရရှိမှသာ လိုင်စင် ထုတ်ပေးဖို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ စစ်ကောင်စီက ဆီထွက်သီးနှံတွေ ဖြစ်တဲ့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနဲ့ မြေပဲဆံတို့ကို ပြည်ပတင်ပို့ခွင့်အတွက် မြန်မာနိုင်ငံ ပဲမျိုးစုံ၊…

စင်ကာပူနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသော ရာဂျာပက်ဆာနှုတ်ထွက်စာတင်၊ ခိုလှုံခွင့် တောင်းခံမှုကို စင်ကာပူဘက်မှ ငြင်းပယ်ထား

စင်ကာပူ ၊ ဇူလိုင် (၁၆) သီရိလင်္ကာသမ္မတ ဂိုဒါဘာရာ ရာဂျာပက်ဆာသည် မော်လ်ဒိုက်မှတဆင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိပြီး နာရီအနည်းငယ်အကြာမှာပင် နှုတ်ထွက်စာ တင်သွင်းခဲ့တယ်လို့ ပါလီမန် ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ထိုကြေငြာချက်သည် နိုင်ငံရဲ့ စီးပွားရေးမြို့တော် ကိုလမ်ဘိုမြို့ရှိ ပြည်သူလူထုများကို အဆမတန် ပျော်ရွှင်မှုများဖြစ်ပေါ်စေခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူအမျိုးသမီးလူငယ်တစ်ဦးက “တစ်နိုင်ငံလုံးက ဒီနေ့မှာ ပျော်ပွဲရွှင်ပွဲ…

မျောက်ကျောက်ရောဂါကို အန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ်တွေ့ရှိ

နယူးဒေလီ – ဇူလိုင်(၁၆) အိန္ဒိယနိုင်ငံမှာ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံ ခရီးသွားမှတ်တမ်းရှိသူ အသက်(၃၅) နှစ်အရွယ် အမျိုးသားတစ်ဦး ဆီကနေ ပထမဆုံး မျောက်ကျောက်ရောဂါကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဇူလိုင် လ(၁၄) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု ကနေ အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်ကို ဇူလိုင်လ (၁၂) ရက်နေ့က ထွက်ခွါလာသူရဲ့ လက်ရှိအခြေအနေမှာ တည်ငြိမ်နေပြီး…

နိုင်ငံခြားအရမ်ငွေထားရှိမှု ကန့်သတ်နိုင်ဖို့ ပြည်ပချေးငွေ ပြန်လည်ပေးဆပ်မှုတွေ ရွေ့ဆိုင်းဖို့ စစ်ကောင်စီအမိန့်ထုတ်

နေပြည်တော် – ဇူလိုင်(၁၆) မြန်မာနိုင်ငံအတွင်း နိုင်ငံခြားအရန်ငွေထားရှိမှု လျော့နည်းလာတာကနေ ကာကွယ်နိုင်ဖို့ နိုင်ငံခြားငွေကြေးတွေကို ချေးယူထားတဲ့ ကုမ္ဗဏီတွေနဲ့ တစ်သီးပုဂ္ဂလတွေအနေနဲ့ ပြန်လည် ပေးဆပ်ဖို့ ကို ရွှေ့ဆိုင်းရမှာဖြစ်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံခြားငွေလဲလှယ်တဲ့ လိုင်စင်ရှိတဲ့ ဘဏ်တွေကို ပေးပို့ထားတဲ့စာမှာ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဝင်းသော်က အမျိုးအစားစုံလင်တဲ့ နိုင်ငံခြားငွေကြေးကို ငွေသားဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ မဆို ချေးငှားရယူထားတဲ့…