ပေကျင်း – ဇူလိုင်(၄) 

တရုတ်နိုင်ငံဟာ တတိယနိုင်ငံကိုထွက်ခွါမယ့် အမေရိကန်နိုင်ငံသားတွေကို တရုတ်နိုင်ငံက ဖြတ်သန်းဝင်ရောက်ခွင့်ပြုတော့မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင်လ(၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

တရုတ်ရဲ့ တက်ကြွတဲ့ ကိုဗစ်သုည မူဝါဒဟာ နိုင်ငံရပ်ခြားက ရောက်ရှိလာတဲ့ ရောဂါပိုးကူးစက် ခံရတဲ့ ခရီးသွားတွေရဲ့ အန္တရာယ်ကို လျှော့ချဖို့ ရည်ရွယ်တဲ့အတွက်နိုင်ငံတကာ ခရီးသွားလာမှု ဆိုင်ရာ အတားအဆီးတွေဖြစ်ပေါ်ခဲ့သလို တရုတ်နိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း တိုးတာနဲ့ ဆိုက်ရောက်ချိန်တွေမှာ သီသန့်နေထိုင်ဖို့ ညွှန်ကြားထားခဲ့တာပါ။ 

အသစ်ပြဌာန်းလိုက်တဲ့ မူဝါဒအရ တရားဝင် ကိုဗစ် စစ်ဆေးမှုရလဒ်ရှိတဲ့ အမေရိကန်နိုင်ငံသား တွေအနေနဲ့ အမေရိကန်ဒါမှမဟုတ် တတိယနိုင်ငံက ခရီးသွားလာဖို့အတွက် အစိမ်းရောင် ကျန်းမာရေးကုဒ်ကို လျှောက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။ 

အရင်ကတော့ သံရုံးဟာ အမေရိန်ကန်က တိုက်ရိုက်ပျံသန်းတဲ့ အမေရိကန်နိုင်ငံသားတွေကိုသာ ကုဒ်တွေကို ထုတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အဲ့ဒီကန့်သတ်ချက်တွေကြောင့် အမေရိကန် ကနေတရုတ်နိုင်ငံကို တိုက်ရိုက်လေကြောင်းခရီးစဉ် အရေအတွက်ကန့်သတ်ချက်တွေနဲ့အတူ လက်မှတ်စျေးနှုန်းတွေကလည်း စင်္ကာပူဒေါ်လာ (၁၀၀၀၀) အထိကုန်ကျခဲ့တာပါ။ 

အမေရိကန်အပါအဝင်တရုတ်နိုင်ငံကို ရောက်ရှိလာသူတွေအတွက် ကိုဗစ်စစ်ဆေးဖို့စည်းမျဉ်း တွေကို အနည်းငယ်ဖြေလျှော့လိုက်တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလ(၁၈) ရက်နေ့က ထုတ်ပြန် ထားပါတယ်။ 

တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေက နိုင်ငံသားတွေအတွက်လည်း ကန့်သတ်ချက်တွေကို မကြာ သေးခင်က ဖြေလျှော့ပေးထားခဲ့တယ်လို့ သိရပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.