ဘန်ကောက် – ဇူလိုင်(၄) 

ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါးစာရင်းကနေ ဆေးခြောက်နဲ့ လျှော်ပင်တွေကို ထုတ်ပယ်လိုက်တဲ့ အတွက် ခရီးသွားတွေကို ဆေးခြောက်လက်ဝယ်ထားရှိတာနဲ့ သုံးစွဲမှုတွေကို တားမြစ်ထားတဲ့ ကမ္ဘာတဝှမ်းက နိုင်ငံတွေက သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ 

အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံတွေက ထိုင်သံရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ထိုင်းနိုင်ငံသားတွေကို နိုင်ငံအတွင်း ဆေးခြောက်နဲ့ ဆက်စပ်ပစ္စည်းတွေ သယ်ဆောင်တာတွေ မပြုလုပ်ဖို့ ညွှန်ကြားထားပြီး ဖမ်းဆီးရမိရင် ထောင်ဒဏ်၊ငွေဒဏ်နဲ့ သေဒဏ်အထိ ကျခံရနိုင် တယ်လို့ သတိပေးထားတာပါ။ 

တရုတ်နဲ့ စင်္ကာပူနိုင်ငံတွေက လည်း နိုင်ငံခြားသားတွေအနေနဲ့ ဆေးခြောက်သုံးစွဲတာ တွေမလုပ်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။ 

“မူးယစ်ဆေးဝါး အလွဲသုံးစားမှု အက်ဥပဒေအရ စင်ကာပူနိုင်ငံသား သို့မဟုတ် အမြဲတမ်း နေထိုင်သူတိုင်းသည် စင်ကာပူနိုင်ငံပြင်ပတွင် ထိန်းချုပ်ထားသော မူးယစ်ဆေးဝါးများ သောက်သုံးကြောင်း တွေ့ရှိပါက မူးယစ်ဆေးဝါးသုံးစွဲမှု ပြစ်မှုအတွက် ဥပဒေအရတာဝန်ရှိ ကြောင်း” စင်ကာပူဗဟိုမူးယစ်ဆေးဝါးဗျူရို (CNB) က ပြောပါတယ်။  

ဒါ့အပြင် CNB ဟာ ဆေးခြောက် ကို ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးတွေရှိတဲ့ ဆေးဝါး ဖြစ်တယ်ဆိုတဲ့ ထောက်ခံသူတွေရဲ့ အမြင်တွေကို ပယ်ချထားပြီး အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ကို ကမ္ဘာ့အဖွဲ့တွေရဲ့ လေ့လာချက်တွေဖြစ်တဲ့ schizophrenia လို စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်ပွားနိုင်တာလို ဆေးခြောက် သုံးစွဲ တာရဲ့ ရေရှည် ဆိုးကျိုးတွေကို မီးမောင်းထိုးပြတဲ့ လေ့လာမှုတွေကို ကိုးကားပြီး ဆေးခြောက်ဟာ စွဲလမ်းစေပြီး ဘေးဥပါဒ်ဖြစ်စေနိုင်တယ်လို့ သိပ္ပံနည်းကျအထောက်အထားတွေနဲ့ ပြောခဲ့ ပါတယ်။ 

တခြားနိုင်ငံတွေမှာ သကြားလုံးနဲ့ ကိတ်မုန့်တွေလို စားသုံးလို့ရတဲ့ ဆေးခြောက်အသုံးပြုမှု မြင့်တက်လာတာ ကို ကိုင်ကွယ်ဖြေရှင်းချိန်မှာ အန္တရာယ်မရှိတဲ့ စားသုံးကုန်တွေအဖြစ် တာဝန်မဲ့စွာ စျေးကွက်တင်နေကြတာဖြစ်တယ်လို့ ဝေဖန်ထားကြပါတယ်။ 

“ဤထုတ်ကုန်တွေရဲ့ အန္တရာယ်မရှိသဏ္ဍန် အသွင်အပြင်သည် လူငယ်များကို စားသုံးလာစေရန် စွဲဆောင်နေပြီး မူးဝေထုံထိုင်းလာကာ အလွန်အကျွံသုံးစွဲမှုအထိ ဖြစ်စေနိုင်သည်” လို့  CNB ကပြောဆိုထားခဲ့ပါတယ်။ 

Ref: The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.