အမေရိကန်နိုင်ငံသား ဝင်ရောက်မှု ကန့်သတ်ချက်ကို ဖြေလျှော့ပြီး တတိယနိုင်ငံကို ဖြတ်သန်းသွား ခွင့်ပြုမယ်
ပေကျင်း – ဇူလိုင်(၄) တရုတ်နိုင်ငံဟာ တတိယနိုင်ငံကိုထွက်ခွါမယ့် အမေရိကန်နိုင်ငံသားတွေကို တရုတ်နိုင်ငံက ဖြတ်သန်းဝင်ရောက်ခွင့်ပြုတော့မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇူလိုင်လ(၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ရဲ့ တက်ကြွတဲ့ ကိုဗစ်သုည မူဝါဒဟာ နိုင်ငံရပ်ခြားက ရောက်ရှိလာတဲ့ ရောဂါပိုးကူးစက် ခံရတဲ့ ခရီးသွားတွေရဲ့ အန္တရာယ်ကို လျှော့ချဖို့ ရည်ရွယ်တဲ့အတွက်နိုင်ငံတကာ ခရီးသွားလာမှု ဆိုင်ရာ အတားအဆီးတွေဖြစ်ပေါ်ခဲ့သလို တရုတ်နိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း…