ပေကျင်း – ဇူလိုင်(၂) 

ဟောင်ကောင်အတွက် တစ်နိုင်ငံစနစ်နှစ်မျိုးမူဝါဒကို ပြောင်းလဲဖို့အကြောင်းမရှိပဲ ရေရှည်မှာ လိုက်ရမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇူလိုင်လ(၁) ရက်နေ့က ပြောဆိုလိုက်ပါတယ်။ 

ဟောင်ကောင်ကွန်ဗင်းရှင်းနဲ့ ပြပွဲစင်တာမှာ မိန့်ခွန်းပြောဆိုခဲ့ချိန်မှာ မစ္စတာရှိက မူဝါဒရဲ့ ရည်မှန်းချက်မှဦ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ထိန်းသိမ်းဖို့နဲ့ ဟောင်ကောင်၊မကာအိုတို့မှာ သာယာဝပြောရေးနဲ့ တည်ငြိမ် ရေးကို ထိန်းသိမ်းဖို့ဖြစ်တယ်လို့ ဆိုခဲ့တာပါ။ 

“ဗဟိုအစိုးရက လုပ်ဆောင်ခဲ့သမျှဟာ ဟောင်ကောင်နဲ့ မကာအိုတို့ရဲ့ နိုင်ငံအကျိုးအတွက်ဖြစ်ပြီး ဟောင်ကောင်နဲ့ မကာအိုရှိ ဆွေမျိုးသားချင်းတွေအတွက်ပါ။ ဒီလိုကောင်းမွန်တဲ့ စနစ်တစ်ခုကို ပြောင်းလဲဖို့ အကြောင်းပြချက် မရှိပါဘူး၊ ရေရှည်မှာ လိုက်နာဖို့ လိုပါတယ်” လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် တစ်နိုင်ငံစနစ်နှစ်ခုနဲ့ ဟောင်ကောင်ရဲ့ သာယာဝပြောရေး တည်ငြိမ်ရေးတို့အတွက် ပံ့ပိုးပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက တရုတ်နိုင်ငံသားတွေနဲ့ မိတ်ဆွေတွေကိုလည်း သူက ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။ 

လွန်ခဲ့တဲ့ (၂၅) နှစ်အတွင်းဟောင်ကောင်ဟာ ခိုင်မာတဲ့ စီးပွားရေးတိုးတက်မှုကို ရရှိခဲ့ပြီး ကမ္ဘာ့ဘဏ္ဍာရေး၊ သင်္ဘောနဲ့ ကုန်သွယ်မှုဗဟိုချက်အဖြစ် သူတို့ရဲ့ အဆင့်အတန်းကို ထိန်းသိမ်း ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 ဟောင်ကောင်ဟာ အခက်အခဲတွေကို ကျော်လွှားပြီး တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိချိန်က စပြီး တည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ နိုင်ငံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး အမျိုး သား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာတွေနဲ့ လိုက်လျောညီထွေရှိနေတယ်လို့ တရုတ်သမ္မတက ပြောခဲ့ပါတယ်။ 

ဒါ့အပြင်ဟောင်ကောင်ရဲ့ လွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နဲ့ ပံ့ပိုး ကူညီဖို့အတွက် ဗဟိုအစိုးရက ကူညီပေးသွားမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ 

စီမံအုပ်ချုပ်မှုအာဏာကို အကာအကွယ်ပေးတာဟာ ဟောင်ကောင်ရဲ့ သာယာဝပြောရေးနဲ့ တည်ငြိမ်ရေးအပြင် ဟောင်ကောင်နေထိုင်သူ (၇) သိန်းကျော်ရဲ့ အကျိုးစီးပွားကို ကာကွယ်တာ ဖြစ်တယ်လို့ မစ္စတာ ရှီ ကပြောပါတယ်။ 

တရုတ်သမ္မတရဲ့ ဟောင်ကောင်ခရီးစဉ်ဟာ မြို့တော်ရဲ့ ပထမဆုံးအမျိုးသမီးခေါင်းဆောင် မစ္စ ကယ်ရီလမ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ 

၁၉၉၇ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှာ ဟောင်ကောင်ကို ဗြိတိန်က တရုတ်နိုင်ငံကို လွှဲပေးခဲ့ပြီး တရုတ်ပြည်မကြီးမှာ မမြင်ရတဲ့ ကျယ်ပြန့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုကို အာမခံတဲ့ တစ်နိုင်ငံစနစ်နှစ်ခု ဆိုတဲ့ စနစ်အောက်မှာ ရှိနေပါတယ်။

Ref:The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.