ဘာလင် ၊ ဇူလိုင် (၁)

တာလီဘန်အစိုးရလက်ထက်မှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေးရန် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပြီး အာဖဂန်စီးပွားရေးရဲ့ အခြေခံလည်ပတ်မှုတွေကို အန္တရာယ်မရှိစေရဘူးလို့ ပြောကြားခဲ့ပါတယ်။

ယမန်နှစ်က တာလီဘန်တို့ သိမ်းပိုက်မှုကြောင့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ အစိုးရများက ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာအကူအညီများ ဖြတ်တောက်ရန် လှုံ့ဆော်ခဲ့ပြီး တင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံရဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေကို ဆုတ်ယုတ်သွားစေခဲ့တာပါ။ 

ကြာသပတေးနေ့ကထုတ်ဝေတဲ့ ဂျာမနီနိုင်ငံထုတ် ဝဲလ်သတင်းစာနှင့် အင်တာဗျူးမှာ နိုင်ငံခြားရေးဝန်ကြီးက အာဖဂန်နစ္စတန်ကို စီးပွားရေးအရ ဖယ်ကျန်ထားခြင်းက နိုင်ငံရဲ့ စီးပွားရေးပြိုလဲစေရန် တွန်းပို့နေတယ်လို့ ပြောခဲ့ပါတယ်။ 

“နိုင်ငံတကာ ဘဏ်လုပ်ငန်းကို ပိတ်ထားရဆဲဖြစ်ပြီး နိုင်ငံခြားရဲ့ပိုင်ဆိုင်မှုတွေ ရပ်တန့်နေမယ်ဆိုရင် အဲဒါတွေ ဖြစ်လာမှာပါ။ အငတ်ဘေးကို ပိုဆိုးစေတာမျိုးမလုပ်ရဘူး” လို့သူမက ထပ်ပြောပါတယ်။ 

ဂျာမနီလည်း ပါဝင်နေတဲ့ အနောက်အုပ်စုတပ်များ အာဖဂန်နစ္စတန်မှ ဆုတ်ခွာခြင်းသည် စေ့စပ်ညှိနှိုင်းဖြေရှင်းမှုမှ ရှေ့မတိုးနိုင်သောကြောင့် ပြင်းထန်တဲ့ ဂယက်ရိုက်မှုမတွေရှိခဲ့ကြောင်း သူမကပြောကြားခဲ့ပါတယ်။ 

“လက်ရှိအခြေအနေမှာ အာဖဂန်နစ္စတန်ကို ငတ်မွတ်ခေါင်းပါးမှုဆက်ရှိနေပြီး နိုင်ငံတွင်း ပြိုကျနေတဲ့ စီးပွားရေးအခြေအနေမှာ  စွန့်စားတာက ကောင်းမွန်တဲ့ စိတ်ကူးမဟုတ်ဘူးဆိုပေမယ့် အာဖဂန်ပြည်သူများကို ကူညီဖို့ စီးပွားရေးပံ့ပိုးမှု လိုအပ်ကြောင်း” သူမက ပြောကြားခဲ့သည်။

“စစ်ပွဲအတွက် ဒေါ်လာ ၃ ထရီလီယံ သုံးစွဲခဲ့တယ် ဒါပေမယ့် ဒီနေ့ အာဖဂန်ရှင်သန်ရေး အတွက် ဒေါ်လာ ၁၀ ဘီလီယံတောင် မရှိဘူး၊ ဒီအပြုအမူကို ကျွန်မ နားမလည်ဘူး” ဟု သူမက ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.