ဂျာကာတာ – ဇူလိုင်(၁) 

ငြိမ်းချမ်းရေးရဖို့ကြိုးပမ်းတဲ့အနေနဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယူကရိန်း သမ္မတနဲ့ ရုရှား ခေါင်းဆောင်တို့ကို စေ့စပ်ညှိနှိုင်းပေးဖို့ ဇွန်လ(၂၉) ရက်နေ့က ကမ်းလှမ်းလိုက်ပါတယ်။ 

ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ဆွေးနွေးချိန် သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ကမ်းလှမ်းချက်ကို ဇယ်လန်း စကီးက ဘယ်လိုတုံ့ပြန်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။

သမ္မတဝီဒိုဒိုဟာ ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ ပျက်သုဉ်းမှု အန္တရာယ်ကို ဖြေရှင်းဖို့အတွက် နိုင်ငံပေါင်း(၂၀) နဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေး တုံ့ပြန်ရေးအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်ပြီး “ရပ်တည်ကာကွယ်ပေးသူများ”အဖြစ် ကုလသမဂ္ဂ ကခန့်အပ် ထားတဲ့ ခေါင်းဆောင်(၆) ဦးထဲက တစ်ဦးဖြစ်ပါတယ်။ 

“အောင်မြင်ဖို့ အရမ်းခက်ခဲပေမဲ့ ငြိမ်းချမ်းရေးအတွက် ဆုံးဖြတ်ချက်တစ်ခုရဲ့ အရေးပါမှုကို ကျွန်တော် ဖော်ပြခဲ့တယ်၊ ကျွန်တော် သမ္မတ ဇယ်လန်းစကီးဆီကနေ မကြာခင် တွေ့ဆုံမယ့် သမ္မတ ပူတင်ကို သတင်းစကားပါးဖို့ ကမ်းလှမ်းထားပါတယ်” လို့ အင်ဒိိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို ကပြောပါတယ်။ 

ယူကရိန်းခရီးစဉ်အပြီးမှာ ဝီဒိုဒိုဟာ ပူတင်နဲ့ တွေ့ဆုံဖို့ မော်စကို မြို့ကို သွားရောက်မှာ ဖြစ်ပြီး အပစ်ခတ်ရပ်စဲရေးသဘောတူဖို့ ရုရှားသမ္မတကို တိုက်တွန်းသွားမှာဖြစ်ပြီး ယူကရန်းနဲ့ ရုရှား တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရပ်တန့်နေပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်အပြစ် တင်နေကြတယ်လို့ သူက ပြောပါသေးတယ်။ 

ရုရှားကျူးကျော်မှုနောက်ပိုင်း အစားအစာနဲ့ စွမ်းအင်စျေးနှုန်းတွေ မြင့်တက်မှုနဲ့ ပြတ်တောက်မှု တို့ကို ကိုင်တွယ်ဖြေရှင်းဖို့ အင်ဒိုသမ္မတက ကတိပြုထားပါတယ်။ 

ယူကရိန်းအစားအစာတင်ပို့မှု ပြန်စနိုင်စေရေး သေချာစေဖို့ အားလုံးကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပြီး ရိက္ခာပို့ဆောင်မှုအတွက် ဘေးကင်းရေး အာမခံချက် လိုအပ်သလို ပင်လယ်ကြောင်း က ယူကရိန်း အစားအစာတွေတင်ပို့မှုအတွက် အာမခံချက်လိုအပ်တယ်လို့ အင်ဒိုသမ္မတက ပြောပါတယ်။ 

လာမယ့် နိုဝင်ဘာလ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပမယ့် G-20 ခေါင်းဆောင်အျား ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ ယူကရိန်းသမ္မတကို ဖိတ်ကြားထားပြီး ဇယ်လန်စကီးက ဖိတ်ကြားချက်ကို လက်ခံခဲ့ပြီး သူနိုင်ငံစစ်ပွဲဆက်ဖြစ်နေသေးရင် ဒီပွဲကို တက်ရောက်မယ်လို့ တုံ့ပြန်ထားပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဂျိုကိုဝီဟာ စစ်ပွဲကြောင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းအတွက် အင်ဒိုနီးရှားရဲ့ စိုးရိမ်မှုကို ပြသလိုတယ်လို့ ပြီးခဲ့တဲ့ သီတင်း ပတ်က ပြောဆိုခဲ့ပါတယ်။ 

“စစ်ပွဲကြောင့်ဖြစ်ရတဲ့ စားနပ်ရိက္ခာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ပါဝင်ကူညီဖို့နဲ့ နိုင်ငံအားလုံး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဝင်ငွေနည်းသူတွေအပေါ် အကျိုးသက်ရောက်မှုရှိအောင် ကြိုးစားသွားမှာပါ၊ “ပြီးတော့ ငြိမ်းချမ်းရေးအတွက် သူကဆက်ပြီး တွန်းအားပေးသွားမယ်” လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.