June 2022

ထရပ်ကားဒရိုင်ဘာတွေ သပိတ်မှောက်ခဲ့လို့ ချပ်စ်ပြားတင်ပို့ရောင်းချတဲ့ အေဂျင့်တွေ အထိနာ

ဆိုးလ် – ဇွန်(၁၅) တောင်ကိုရီးယားနိုင်ငံက ထရပ်ကားယာဉ်မောင်းတွေရဲ့ တပတ်ကြာ သပိတ်မှောက်မှုကြောင့် ဆီမီးကွန်ဒတ်တာ ချပ်စ်ပြားသန့်စင်ထုတ်လုပ်ပြီး တရုတ်နိုင်ငံကို ရောင်းချနေတဲ့ အေဂျင့်တွေ ရဲ့ တင်ပို့ရောင်းချမှုတွေ ရပ်တန့်စေခဲ့ရတယ်လို့ ကိုရီးယားနိုင်ငံတကာ ကုန်သွယ်မှု အသင်း (KITA) က ပြောပါတယ်။ သပိတ်ကြောင့် တောင်ကိုရီးယား စက်မှုလုပ်ငန်းအတွက် ဒေါ်လာ (၁.၂) ဘီလျံကျော်ဆုံးရှုံခဲ့ရသ လို ထုတ်လုပ်မှုနဲ့ ပေးပို့မှု…

သီရိလင်္ကာနိုင်ငံသည် ရုရှားရေနံဝယ်ယူရန် လမ်းဖွင့်ထား

ကိုလံဘို၊ ဇွန် ၁၄ မကြုံစဖူးစီးပွားရေးအကြပ်အတည်းများနှင့် ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံအနေဖြင့် ရုရှားထံမှ ရေနံပိုမိုဝယ်ယူရန် မဖြစ်မနေလုပ်ဆောင်နိုင်ရဖွယ်ရှိကြောင်း နိုင်ငံဝန်ကြီးချုပ်က အေပီသတင်းဌာနကို ပြောလိုက်ပါတယ်။ သီရိလင်္ကာဝန်ကြီးချုပ်က အခြားသတင်းရင်းမြစ်များကို ဦးစွာရှာဖွေမှာဖြစ်ပေမယ့် မော်စကိုမှ ရေနံစိမ်းများကို ပိုမိုဝယ်ယူနိုင်ရန် လမ်းဖွင့်ထားကြောင်း ဇွန် ၁၁ ရက်နေ့က သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံသည် ဆယ်စုနှစ် ခုနစ်ခုအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေး…

ကမ္ဘာ့နိုင်ငံရေးဟာ နျူလက်နက်တပ်ဆင်ရေး ခေတ်သစ်ကို ဦးတည်နေတယ်လို့ဆို

စတော့ဟုမ်း – ဇွန်(၁၄) ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့ အရေးကြောင့် ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာ တာဟာ (၃၅) နှစ်အတွင်း ကျဆင်းလာတဲ့ နျူကလီးယားလက်နက်တပ်ဆင်မှုကို လာမယ့် ဆယ်စု နှစ်အတွင်း အရေအတွက်ပိုတိုးလာစေလိမ့်မယ်လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု(SIPRI) က သုတေတီတွေက ထောက်ပြလိုက်ပါတယ်။ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ဗြိတန်၊တရုတ်၊ပြင်သစ်၊အိန္ဒိယ၊ အစ္စရေး၊မြောက်ကိုရီးယား၊ပါကစ္စတန်…

တရုတ်နဲ့ ထိတွေ့ဆက်ဆံဖို့ ဆန္ဒရှိနေပြီး ဆွေးနွေးဖို့ တံခါးပိတ်မထားဘူးလို့ ထိုင်ဝမ်ဆို

တရုတ်နဲ့ ထိတွေ့ဆက်ဆံဖို့ ဆန္ဒရှိနေပြီး ဆွေးနွေးဖို့ တံခါးပိတ်မထားဘူးလို့ ထိုင်ဝမ်ဆို ထိုင်ဝမ် – ဇွန်(၁၄) ထိုင်ဝမ်နိုင်ငံက တရုတ်နိုင်ငံကို မျှခြေညီတဲ့ အခြေခံနဲ့ နိုင်ငံရေးဆိုင်ရာ ကြိုတင်သတ်မှတ်ချက် တွေမပါဘဲ စိတ်စေတနာ အရင်းခံပြီး တွေ့ဆုံညှိနှိုင်းဖို့ ဆန္ဒရှိတယ်လို့ ဝန်ကြီးချုပ် ဆူဇန်ချမ်း က ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ တရုတ်နိုင်ငံက ထိုင်ဝမ်ကို သူတို့ရဲ့ အချုပ်အခြာအာဏာကို လက်ခံဖို့အတွက်…

မြန်မာ့အရေးမှာ ဖျက်သိမ်းရေးနှုတ်ထွက်စကားမှာပဲ မနစ်မွန်းသင့်လို့ ထိုင်းကိုယ်စားလှယ်ပြော

ဘန်ကောက် – ဇွန် (၁၃) မြန်မာစစ်အစိုးရနဲ့ ဆက်ဆံချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ “ဖျက်သိမ်းရေး နှုတ်ထွက်စကား”မှာ နစ်မွန်းမနေသင့်ဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်က ပြောပါတယ်။ ရှုံ့ချမှုတွေ၊ ပိတ်ဆို့အရေးယူမှုတွေနဲ့ နှောင့်ယှက်မှုတွေဟာ လျော့ပါးလာတဲ့ တုံ့ပြန်မှုတွေ အဖြစ် ရောက်ရှိသွားနိုင်တယ်လို့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လုံခြုံရေးနဲ့ နိုင်ငံတကာရေးရာ ကျွမ်းကျင် သူတွေရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ Pornpimol…

ပထမဆုံး အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားခန့်အပ်

ပြုံယမ်း – ဇွန်(၁၃) မြောက်ကိုရီးယားနိုင်ငံက ပထမဆုံးအမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးအဖြစ် ထိပ်တန်း နျူကလီးယား ညှိနှိုင်းရေးမှူး ချိုဆွန်ဟူကို ခန့်အပ်လိုက်တာဖြစ်ပြီး အမေရိကန်က နျူ စမ်းသပ်မှုတွေပြုလုပ်နေတာနဲ့ ပတ်သက်ပြီး သတိပေးနေတဲ့ကြားက ခန့်အပ်လိုက်တယ် လို့ ကြေညာခဲ့ပါတယ်။ ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးမှာ ချိုဆွန်ဟူ ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခေါင်းဆောင် ကင်ဂျုံအီက ခန့်အပ်လိုတာ လို့ နိုင်ငံပိုင် မီဒီယာ…

အိန္ဒိယနိုင်ငံတွင် တမန်တော်မြတ်အား ဆန့်ကျင်သည့် မှတ်ချက်များနှင့်ပတ်သက်၍ ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ပြီး ဖြိုခွင်းမှုတွင် လူနှစ်ဦးသေဆုံးခဲ့

နယူဒေလီ ၊ ဇွန် (၁၂) တမန်တော် မိုဟာမက်နှင့်ပတ်သက်ပြီး အာဏာရပါတီမှ အရာရှိတစ်ဦးရဲ့ မှတ်ချက်ပေးမှုကြောင့် စတင်ခဲ့တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူနှစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး အခြားလူပေါင်း ၁၃၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီ၏ပါတီမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက တီဗီစကား စစ်ထိုးပွဲအစီအစဉ်တစ်ခုမှာ ပရောဖက်နှင့် ၎င်း၏အငယ်ဆုံးဇနီးတို့ကြား…

ထိုင်ဝမ်မှာလွတ်လပ်ရေးကြေညာရင် စစ်ပွဲစတင်မှာ ဖြစ်တယ်လို့ တရုတ်က အမေရိကန်ကို ခြိမ်းခြောက်

ပေကျင်း – ဇွန်(၁၂) ထိုင်ဝမ်ကို လွတ်လပ်ရေးကြေညာလိုက်မယ်ဆိုရင် စစ်ပွဲစတင်ဖို့အတွက် တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးက အမေရိကန် သမ္မတ ကို သတိပေးလိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဂရီလာ လုံခြုံရေး ထိပ်သီးအစည်းအဝေးပွဲ ဆွေးနွေးချိန်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Looyd Austin နဲ့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံ ချိန်မှာပဲ တရုတ်ကာကွယ်ရေးဝန်ကြီး က သတိပေးပြောဆိုလိုက်တာပါ။…

မာရီယိုပူးမှာ ကာလဝမ်းရောဂါပျံ့နှံ့နေတဲ့အတွက် လက်နက်နဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးဖို့ ယူကရိန်းတောင်းဆို

ကီးယက် – ဇွန်(၁၂) ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ နိုင်င့အရှေ့ဘက်ကို ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် လက်နက် တွေကို မြန်မြန်ဆန်ဆန်ပို့ဆောင်ပေးဖို့နဲ့ တိုးပွားလာတဲ့ ရောဂါတွေကို တိုက်ဖျက်ဖို့အတွက် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ထောက်ပံ့ပေးဖို့ အနောက်နိုင်ငံတွေကို ယူကရိန်းက တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေအနေနဲ့ ဒုံးပျံစနစ်တွေအပါအဝင် ပိုမိုကောင်းမွန်တဲ့ လက်နက်တွေ ထောက်ပံ့ပေးဖို့ ကတိကဝတ်တွေ ဖြည့်ဆည်းပေးမှသာ ရုရှားရဲ့ ထိုးစစ်ကို ကာကွယ်နိုင်မှာ…