June 2022

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အတွင်း အီရန်သူလျှိုတွေကို စောင့်ကြည့်ဖို့ လျှိူ့ဝှက်အမိန့်ထုတ်ပြန်

ဘန်ကောက် – ဇွန်(၇) အင်ဒိုနီးရှားမှာအီရန်သူလျှို ဖမ်းဆီးခံရပြီးနောက်လုံခြုံရေးစိုးရိမ်မှုတွေ ဖြစ်ပေါ်စေတဲ့အတွက် သူလျှိုတွေကို စောင့်ကြည့်ဖို့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ (RTP) က နိုင်ငံတစ်ဝှမ်းက ရဲတပ်ဖွဲ့ ဝင်တွေကို လျှိုဝှက်အမိန့်ထုတ်ထားတယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ လုံခြုံရေးအေဂျင်စီတွေက ထိုင်းနိုင်ငံမှာ သူလျှိုအဖြစ်လုပ်ဆောင်နေတယ်လို့ သံသယရှိတဲ့ ထိုင်းမွတ်စလင်တချို့နဲ့ အီရန်နိုင်ငံသားတွေရဲ့ လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေတယလို့ သတင်းရင်းမြစ်က ဘန်ကောက်ပိုစ့်ကို ပြောခဲ့တာပါ။ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲဟာ…

လာအိုနိုင်ငံ က ပထမဆုံး ပြည်တွင်းဖြစ်စာတိုပေးပို့တဲ့ အက်ပ်(APP) ကို စတင်မတ်ဆက်

ဗီယင်ကျန်း – ဇွန်(၇) တခြားနိုင်ငံတွေထက် နောက်ကျကျန်ခဲ့တဲ့ အစိုးရဝန်ဆောင်မှုတွေကို ဒစ်ဂျစ်တယ် နည်းပညာ ကူးပြောင်းမှု မြှင့်တင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ နိုင်ငံအတွင်း ပထမဆုံးတီထွင်ထားတဲ့ စာတိုပေးပို့တဲ့ အက်ပ်(APP) LoudChat ကို လာအိုနိုင်ငံက ပထမဆုံးအကြိမ်အဖြစ်မိတ်ဆက်လိုက်ပါတယ်။ LoudChat ကို ပြီးခဲ့တဲ့ ဧပြီလက စတင်ပြီး “Line” အက်ပ် လို စာတိုပေးပို့တဲ့ လုပ်ဆောင်ချက် တွေအတွက်အသုံးပြုနိုင်မှာဖြစ်ပြီး ဘေလ်ပေးချေတဲ့…

ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေထာက်ပံ့တဲ့ အမေရိကန်ကို ပူတင် သတိပေး

မော်စကို – ဇွန်(၆) ယူကရိန်းကို အဆင့်မြင့်တိကျတဲ့ မိုဘိုင်းဒုံးပျံစနစ်တာဝေးပစ်ဒုံးကျည် တွေထောက်ပံ့ပေးရင် ပစ်မှတ်အသစ်တွေကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိ ကန်ကို သတိပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ နေတိုးတပ်ဖွဲ့ဝင်တွေကို ယူကရိန်းစေလွှတ်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းဆိုထားပေမယ့် အနောက်မဟာမိတ်အုပ်စုက မောင်းသူမဲ့လေယာဉ်၊ဟောင်ဝစ် ဇာအမြောက်၊ လေယာဉ်ပစ်စတန်ဂါးနဲ့ တင့်ကားဖျက် ဂျာဗီလင်ဒုံးကျည်တွေကို ထောက်ပံ့ထား ပါတယ်။ ရုရှားနိုင်ငံအတွင်းကို ပစ်မှတ်ထား အသုံးပြုမှာ…

အမေရိကန်နဲ့ တောင်ကိုရီးယားစစ်ရေးလေ့ကျင့်ပြီးနောက် မြောက်ကိုရီးယား ပဲထိန်းဒုံများ ပစ်လွှတ်ခဲ့

ဆိုလ်း၊ ဇွန်(၆) အမေရိကန် လေယာဉ်တင်သင်္ဘောတွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုကို လေးနှစ်ကျော်အတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းခြေ ကမ်းလွန်အတွင်း တာတိုပဲ့ထိန်းဒုန်း(၈) လုံးပစ်လွှတ်ခဲ့ပါတယ်။ ပဲ့ထိန်းဒုံးတွေကို မြောက်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ပြုံယမ်းက ဆူနန်းဧရိယာမှ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားအရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ ဂျပန်သတင်းဌာန ကျိုတိုအေဂျင်စီကလည်း အစိုးရသတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး မြောက်ကိုရီးယားဟာ တစ်ခုထက်မနည်းတဲ့ ပဲ့ထိန်းဒုံးတွေ ပစ်လွှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။…

သာဂရကျေးရွာကို စစ်တပ်က မီးရှို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး အိမ်(၆၀)ကျော်မီးလောင် ပျက်ဆီး

ခင်ဦး – ဇွန်(၅) စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ခင်ဦး-ရေဦးလမ်းဘေးရှိ သာဂရကျေးရွာ က နေအိမ်တွေကို စစ်ကောင်စီက မီးရှို့လို့ အိမ်ခြေ(၆၀) ကျော် ပျက်ဆီးခဲ့ပြီး အသက်ကြီးပိုင်း အရွယ်အမျိုးသမီး တစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ စစ်ကောင်စီက နေအိမ်တွေမီးရှို့ခဲ့လို့ ကျန်းမာရေးမကောင်းတဲ့ အသက်(၇၀) ကျော်အရွယ် အမျိုးသမီး ဖြစ်သူဟာ မီးလောင်ကျွမ်းသေဆုံးခဲ့ရတာပါ။…

ဈေးကွက်မှာ ငါးလိုအပ်ချက်ရှိခဲ့တဲ့ မလေးရှားနိုင်ငံဟာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိတော့မည်

ဂျာကာတာ ၊ ဇွန် (၅) မလေးရှားနိုင်ငံရှိ ဈေးကွက်အတွင်း ငါးလိုအပ်ချက်အပေါ် ဖြည့်တင်းမှုဟာ ယခုလအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစက်မှု လက်ထောက်ဝန်ကြီး Datuk Seri Ahmad Hamzah က ပြောကြားခဲ့ပါတယ်။ အဆိုပါ ငါးလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက် အောက်တိုဘာလအတွင်း အထွတ်အထိပ်သို့ ရောက်ရှိသည်အထိ ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ထားကြောင်း လက်ထောက်ဝန်ကြီးက…

တီယန်မင် နှစ်ပတ်လည်နေ့မှာ ဟောင်ကောင်က လုံခြုံရေးတိုးမြှင့်ချထား

ဟောင်ကောင် – ဇွန်(၅) လွန်ခဲ့တဲ့ (၃၃) နှစ်က တီယန်မင်ရင်ပြင်က ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြတဲ့ လူအုပ်ကြီးကို သွေးထွက်သံယိုဖြစ်စေခဲ့တဲ့ တရုတ်ရဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အထိမ်းအမှတ်ပွဲတွေ မပြုလုပ်ဖို့ ဟောင်ကောင်က သတိပေးထားပြီး ပန်းခြံအနီးမှာ လုံခြုံရေးထူထပ်စွာ ချထားပါတယ်။ အခုလို လုံခြုံရေးထူထပ်စွာ ချထားတာနဲ့ ပတ်သက်ပြီး သမိုင်းမှန်ကို ဖျောက်ဖျက်ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ ထိုင်ဝန်ကဝေဖန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ သေဆုံးသူအရေအတွက်အတိအကျကို…

အိန္ဒိယအရာရှိတွေ ပထမဆုံးအကြိမ် တာလီဘန်နဲ့ တွေ့ဆုံ

နယူးဒေလီ – ဇွန်လ(၅) နှစ်နိုင်ငံဆက်ဆံရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဆွေးနွေးဖို့ အိန္ဒိယ အရာရှိအဖွဲ့နဲ့ အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တာလီဘန်တို့က ပြောဆိုခဲ့ပြီး အဲ့ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် နိုင်ငံကို သိမ်းယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကဘူးလ်ကို လာရောက်လည်ပတ်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အာဖဂန်မှာ တာလီဘန်တွေအာဏာရပြီးနောက်ပိုင်း နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်မှုတွေတ ဟုန်ထိုး တက်လာပြီး အိန္ဒိယနိုင်ငံအနေနဲ့ အစားအစာနဲ့ အခြားအကူအညီတွေပေးပို့ခဲ့တယ်လို့…

နိုင်ငံတကာလေပိုင်နက်ထဲမှာ ပျံသန်းတဲ့ တရုတ်ဂျက်လေယာဉ်မှူးတွေဟာ ရဲတင်းလွန်းတယ်ဟု ကနေဒါပြော

အော့တဝါ၊ ဇွန် ၄ နိုင်ငံတကာလေပိုင်နက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်လေတပ်မှ လေယာဉ်မှူးများနှင့် ကနေဒါစစ်တပ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ကျွမ်းကျင်မှုမရှိဘဲ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့ကြောင်း ကနေဒါက စွပ်စွဲပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာ ပြစ်ဒဏ်များနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်အတွက် ဥရောပသမဂ္ဂမှ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ရန် နိုင်ငံစုံကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကနေဒါလေယာဉ်တွေက ဂျပန်နိုင်ငံမှာ ဖြန့်ကျက်ချထားခဲ့တာ…