ဝါရှင်တန် – ဇွန်(၂၈)

ချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံအစုအဖွဲ့ G-7 အနေနဲ့ တရုတ်နိုင်ငံရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ BRI ပတ်လမ်း ကိုလှဉ်ပြိုင်ဖို့အတွက် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကမ္ဘာလုံးဆိုင်ရာ အခြေခံအ ဆောက်အအုံ ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် ကန်ဒေါ်လာ (၆၀၀) ဘီလျံ မတည်သွားမှာ ဖြစ်တယ်လို့ ဇွန်လ(၂၆) ရက်နေ့က ကြေညာခဲ့ပါတယ်။ 

ဥရောပသမဂ္ဂအပါအဝင်မဟာမိတ် (၇) နိုင်ငံက ကနေဒါ၊ဂျာမနီ၊အီတလီ၊ဂျပန် နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့က ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ် ကိုဆွေးနွေးခဲ့တာပါ။ 

အမေရိကန်က ဒေါ်လာဘီလျံ (၂၀၀) ကိုမတည်ရမှာဖြစ်ပြီး ကျန်အဖွဲ့ဝင်နိုင်ငံတွေက လာမယ့် ၂၀၂၇ ခုနှစ်မှာ နောက်ထပ် ဒေါ်လာ (၄၀၀) ဘီလျံကို ထပ်တိုးမြှင့်တင်သွားရမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ 

တရုတ်နိုင်ငံဟာ ကမ္ဘာအစွန်အဖျားဒေသတွေက လမ်းတွေနဲ့ ဆိပ်ကမ်းတွေကို ငွေကြေး ထောက်ပံ့နေတာဟာ ကူညီပေးနေတာမဟုတ်ပဲ လွှမ်းမိုးချုပ်ကိုင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ် လို့ ဘိုင်ဒင်က စွပ်စွဲထားပါတယ်။ 

“အနာဂတ်အတွက် ကျွန်ုပ်တို့ရဲ့ အပြုသဘောဆောင်တဲ့အမြင်ကိုမျှဝေရန် အခွင့်အရေးဖြစ်ပြီး ဒီမိုကရေစီနိုင်ငံများနှင့် လက်တွဲခြင်းရဲ့ ခိုင်မာတဲ့ကျိုးကျေးဇူးတွေကို  အခြားနိုင်ငံများအနေဖြင့် သူတို့ကိုယ်သူတို့ မြင်အောင်ကြည့်ရန်” လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ 

ဒါ့အပြင် ကမ္ဘာကြီးကို အပြုသဘောဆောင်ပြီး အားကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု တွန်းအား တစ်ခု ပေးဖို့နဲ့ ဖွံ့ဖြိုးဆဲကမ္ဘာမှာ ရွေးချယ်ခွင့်ရှိတယ်ဆိုတာကို ပြသဖို့ ကျနော်တို့မှာတာဝန်ရှိတယ်လို့ ဥရောပကော်မရှင်အကြီးအကဲက ပြောပါသေးတယ်။ 

၂၀၂၁ ခုနှစ်က ဗြိတိန်မှာ ပြုလုပ်ခဲ့တဲ့ G-7 ထိပ်သီးအစည်းအဝေးမှာ သမ္မတဘိုင်ဒန်က အနောက်နိုင်ငံတွေရဲ့ အခြေခံအဆောက်အဦးရန်ပုံငွေအတွက် ပထမဆုံး ကြိုးပမ်းမှုကို ပြန်လည်စတင်လာတာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံရဲ့ (BRI) နဲ့ မတူပဲ အဆိုပြုထားတဲ့ G-7 ရန်ပုံငွေရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို လုပ်ဆောင်ဖို့ ဆန္ဒရှိနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေအပေါ်မှာ အဓိကမူတည်နေမှာဖြစ်တဲ့အတွက် သေချာတဲ့ အာမခံချက်မရှိဘူးလို့ ထောက်ပြထားကြပါတယ်။ 

အမေရိကန်အရာရှိတွေကတော့ အရင်းရှင်နဲ့ ကွန်မြူနစ်တို့ရဲ့ အခြေအနေမှာ လက်ခံနိုင်တဲ့ နိုင်ငံတွေ အနေနဲ့ အကြွေးထောင်ချောက်တွေအပြင် တရုတ်အသုံးပြုနေတယ်လို့ စွပ်စွဲ ထားတဲ့ အားကောင်းတဲ့ လက်ရုံးနည်းဗျူဟာတွေကို ရှောင်ရှားနိုင်မှာဖြစ်တယ်လို့ ပြောဆိုထားကြပါ တယ်။ 

“ဒါဟာ အစပဲ ရှိပါသေးတယ်၊ အမေရိကန်နဲ့ သူ့ရဲ့ ဂျီဆဲလ်ဗင်းမိတ်ဖက်တွေဟာ တခြား စိတ်တူ ကိုယ်တူ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နိုင်ငံစုံ ဖွံ့ဖြိုးရေးဘဏ်တွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ၊ အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတွေနဲ့ တခြားအရာတွေဆီကနေ နောက်ထပ် အရင်းအနှီး ဘီလီယံရာပေါင်းများစွာကို မတည်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်” လို့ အိမ်ဖြူတော်က ပြောခဲ့ပါတယ်။ 

အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကလည်း သတင်းထောက်တွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ နိုင်ငံတွေဟာ နောင်တရမှုကို ခံစားနေရပြီး တရုတ်ဟာ ဒေသခံတွေကို အကျိုးပြု ဖို့ထက် စီးပွားရေးနဲ့ ပထဝီဝင်အနေအထားအရ ဗျူဟာမြောက်ခြေကုပ်စခန်းတွေထူထောင်ဖို့ ပိုမို စိတ်ဝင်စားနေတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ 

“ကျနော်တို့ရဲ့ ယခုလို ကမ်းလှမ်းတစ်ခုအနေဖြင့် ရောက်လာဟာ သင့်နိုင်ငံကို အမှန်တကယ် တိုးတက်စေရန်၊ စီးပွားရေးတိုးတက်ရန်နှင့် GDP နှင့် လူဦးရေအပေါ် ရေရှည်အကျိုးသက် ရောက်မှုရှိစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်ဖြစ်တယ်၊ ဒါက ကမ်းလှမ်းထားတဲ့ စာချုပ်လို့ ကျွန်တော်ထင်ပါတယ်” လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ 

အမေရိကန်ဦးဆောင်တဲ့ ပဏာမခြေလှမ်းအတွက် သိသာထင်ရှားတဲ့ ပစ်မှတ်တွေဟာ အာဖရိက၊ တောင်အမေရိကနဲ့ အာရှိနိုင်ငံတွေပါဝင်တယ်လို့ သိရပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.