တိုကျို – ဇွန်(၂၈) 

မြို့တော်တိုကျိုမှာ ပူပြင်းတဲ့ နွေရာသီအပူဒဏ်သင့်ကာလအတွင်း လူအများ စွမ်းအင်ချွေတာ ဖို့ နဲ့ တနင်္လာနေ့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေရှိလာနိုင်တယ်လို့ ဂျပန်အစိုးရက ဇွန်လ(၂၆) ရက်နေ့က သတိပေးထားပါတယ်။ 

ဂျပန်နိုင်ငံအရှေ့ပိုင်း က တိုကျိုနဲ့ အနီးနားက စီရင်စု (၈) ခုမှာ အပိုဆောင်းလျှပ်စစ် ထုတ်လုပ် နိုင်မှု ပမာဏဟာ တနင်္လာနေ့ မွန်းလွဲ(၅) နာရီမှာ (၃.၇) ရာခိုင်နှုန်းအထိ ကျဆင်းသွားဖို့ ရှိနေ တယ်လို့ စီးပွားရေး၊ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ 

“အသုံးမပြုသော မီးများကို ပိတ်ခြင်းကဲ့သို့သော လျှပ်စစ်ဓါတ်အားကိုကို တတ်နိုင်သမျှ ခြွေတာပေးပါ” လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင်လေအေးပေးစက်တွေကို သင့်လျော်သလို အသုံးပြုပြီး အပူဒဏ်ကို ရှောင်ရှားကြဖို့ လည်းတိုက်တွန်းထားပါတယ်။ 

ဇွန်လ(၂၆) ရက်နေ့ မွန်းလွဲပိုင်းအထိ တိုကျိုမြို့က လူ(၄၆) ဦးကို အပူဒဏ် ကြောင့် သံသယရှိ လို့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့တယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။ 

တိုကျိုမြို့အနောက်မြောက်ဘက် (၈၅) ကီလိုမီတာအကွာက အီစီဇာကီကီမြို့ဟာ ဇွန်လ(၂၅) ရက်နေ့က အမြင့်ဆုံးအပူချိန်ကို ဝင်ရောက်ခဲ့ပြီး (၄၀) ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ခဲ့ တယ်လို့ ဂျပန်မိုးလေဝသ အေဂျင်စီက ပြောဆိုထားပါတယ်။ 

၂၀၁၁ ခုနှစ် ဆူနာမီနဲ့ ဖူကူရှီးမား နျူကလီးယား ကပ်ဘေးအပြီးမှာ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးရည်မှန်းချက်ကို ရောက်ရှိစေဖို့ တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်နိုင်ငံရဲ့ လျှပ်စစ် ဓာတ်အား ထောက်ပံ့ရေးအတွက် ထိန်းချုပ်ထားပါတယ်။ 

ယူကရိန်းကို တိုက်ခိုက်ခဲ့တဲ့ ရုရှားကို ပိတ်ဆို့အရေးယူမှုတွေကြောင့်လည်း ဂျပန်နိုင်ငံမှာ သဘာဝဓာတ်ငွေ့ရည်အပါအဝင် ရုပ်ကြွင်းလောင်စာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ 

Ref: Reuters/ng

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.