ဖနွမ်းပင် – ဇွန်(၂၈) 

ကမ္ဘောဒီးယားအမျိုးသားရွေးကောက်ပွဲကော်မတီက ဇွန်လ(၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲတရားဝင်ရလဒ်ကို ထုတ်ပြန်ခဲ့ပြီး လက်ရှိအာဏာရဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပါတီက ဒေသဆိုင်ရာကောင်စီ နေရာ (၈၀) ရာခိုင်နှုန်းအနိုင်ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ပဥ္စမအကြိမ်အထွေထွေရွေးကောက်ပွဲမှာ CPP ပါတီဟာ မဲဆန္ဒနယ် (၁၁၆၂၂) နေရာ ရှိတဲ့အနက် (၉၃၇၆) နေရာထိအနိုင်ရခဲ့တယ်လို့ ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒေသကောင်စီနေရာ စုစုပေါင်း (၁၆၅၂) နေရာမှာ CPP ပါတီအနေနဲ့ ဥက္ကဌ နေရာ (၁၆၄၈) နေရာ ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ 

အတိုက်အခံပါတီ Candlelight ပါတီအနေနဲ့ အမတ်နေရာ (၂၁၉၈) နေရာ အနိုင်ရပြီး ဒေသ ကောင်စီ လေးနေရာကို ဦးဆောင်မှာ ဖြစ်ပြီး အဲ့ဒီပါတီဟာ တည်ထောင်တာ မကြာသေးတဲ့ နိုင်ငံရေးပါတီဖြစ်ပါတယ်။ 

ရွေးကောက်ပွဲမှာ ကျန်တဲ့ နေရာတွေကို တခြားနိုင်ငံရေးပါတီ (၇) ပါတီက အနိုင်ရရှိသွားတယ် လို့ သိရပါတယ်။ 

ဒေသကောင်စီရွေးကောက်ပွဲအတွက်စာရင်းဝင် မဲဆန္ဒရှင်အရေအတွက်မှာ (၉.၂) သန်းရှိပြီး ရွေးကောက်ပွဲမဲပေးခဲ့သူ (၈၀.၂) ရာခိုင်နှုန်းရှိတယ်လို့ အမျိုးသားရွေးကောက်ပွဲကော်မတီ ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံရဲ့ ကွန်မြူနတီရွေးကောက်ပွဲကို ၂၀၀၂ ခုနှစ်ကစပြီး (၅) နှစ်တကြိမ် ကျင်း ပနေတာဖြစ်တယ်လို့ သိရပါတယ်။

Ref : Nikkei Asis

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.