May 2022

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်ခေါင်းဆောင်ကို ဟွန်ဆန်တောင်းဆို

ဖနွမ်းပင် – မေ(၅) မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံဘုံသဘောတူညီချက်တွေအရ အထူးကိုယ်စား လှယ်ကို မြန်မာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးဖို့ ကမ္ဘောဒီယားဝန်ကြီး ချုပ်ဟွန်ဆန်က တောင်းဆိုခဲ့ပါတယ်။ အရေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အလှည့်ကျ ဥက္ကဌ ဟွန်ဆန်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ပြောခဲ့တဲ့ ဗီဒီယိုခေါ်ဆိုမှုမှာ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံခွင့်ရဖို့အရေးကြီးတယ်လို့ ပြောဆိုခဲ့ ပါတယ်။ လွန်ခဲ့တဲ့ (၁၅) လက ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို…

ဘီးလင်း မဲပလီဒေသခံတွေကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေ

ဘီးလင်း ၊ မေ (၄) ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ မဲပလီစခန်းက စစ်ကောင်စီ တပ်သားတွေနဲ့ BGF ပူးပေါင်းအဖွဲ့က ဒေသခံရွာသားတွေကို အကြောင်းမဲ့ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေတယ်လို့ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က တောင်ယာလုပ်ကိုင်ရာကနေ ပြန်လာတဲ့ ဘီးလင်းမြို့နယ် မဲပလီရွာသား ၃…

တောင်ကိုရီးယားငွေကြေးဖောင်းပွနှုန်းသည် ၁၃ နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

ဆိုလ်း ၊ မေ (၄) တောင်ကိုရီးယားရဲ့ စားသုံးသူငွေကြေးဖောင်းပွမှုဟာ ခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ မြန်ဆန်လာပြီး ဧပြီလမှာ ၁၃ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားကာ ယခုနှစ် ဗဟိုဘဏ် အတိုးနှုန်း ပိုမိုတိုးလာရန်အတွက် ငွေချေးစာချုပ်ဈေးကွက် အခွင့်အလမ်းတွေကို မြှင့်တင်ပေးခဲ့ပါတယ်။ ကိုရီးယားမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ စားသုံးသူဈေးနှုန်းအညွှန်းကိန်းဟာ ဧပြီလအတွင်း ၄.၁ ရာခိုင်နှုန်းမှ ၄.၈ ရာခိုင်နှုန်း…

သက်တမ်းကုန်ဆုံးဖို့နီးကပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေး ငါးသန်း ဖိလစ်ပိုင်က မြန်မာကို လှူဖို့ စီစဉ်

မနီလာ – မေ(၄) သက်တမ်းကုန်ဆုံးဖို့နီးကပ်နေပြီဖြစ်တဲ့ စပွတ်နဒ် ဗီ Covid-19 ကာကွယ်ဆေးအလုံရေငါးသန်း ကိုဖီလစ်ပိုင်းနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းဖို့ စီစဉ်နေတယ်လို့ အကြီးတန်းကျန်းမာရေး အရာရှိ တစ်ယောက်က ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့နှစ်က သူတို့ရဲ့လူဦးရေသန်း(၁၁၀) အတွက် ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ ကြိုးစားခဲ့ပြီး အခုချိန်မှာတော့ ပထမဆုံးအကြိမ်တခြားနိုင်ငံကို လှူဒါန်းမှုပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက မြန်မာနိုင်ငံကြက်ခြေနီအသင်းကတဆင့်…

ငြိမ်းချမ်းရေးသဘောတူညီချက်မရမချင်း ပိတ်ဆို့အရေးယူတာတွေရုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဂျာမန်ဆို

ဘာလင် – မေ(၄) ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကို တုံ့ပြန်တဲ့အနနေနဲ့ ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ငြိမ်းချမ်းရေးသဘာတူညီချက်မရမချင်း ရုတ်သိမ်းမှာ မဟုတ်ဘူး လို့ ဂျာမန်အဓိပတီ အိုလက်ဖ်ရှိဖ့်က ပြောပါတယ်။ ရုရှား သမ္မတ ဗလာဒီမာပူတင်းဟာ ယူကရိန်းနယ်မြေတွကို သိမ်းပိုက်နိုင်တဲ့အချိန်မှ စစ်ပွဲအဆုံး သတ်ကြေညာပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျှော့ပေါ့ပေးမှာဖြစ်တယ် လို့ လွဲမှားပြီးတွက်ချက်ထားတယ်လို့ အများပြည်သူပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့…

အာဏာသိမ်းကာလအတွင်း မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရ

မော်လမြိုင် ၊ မေ (၄) စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် ဆယ်စုနှစ် တစ်ခုနီးပါး နောက်ပြန်ဆုတ်သွားခဲ့ရသလို သတင်းမီဒီယာသမားတွေ နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် ဖိနှိပ်ခံနေရတယ်လို့ ISP Myanmar က ထုတ်ပြန်လိုက်ပါတယ်။ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပေမယ့် မြန်မာနိုင်ငံတော့ သတင်းမီဒီယာသမား တွေဟာ…

ပြည်သူ့တရားစီရင်ရေးစနစ် အကောင်အထည် ဖော်တော့မယ်လို့ NUG ပြောဆို

မော်လမြိုင် ၊ မေ (၄) ပြည်သူ့တရားစီရင်ရေးစနစ်ကို မကြာမီ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက် တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ တရားစီရင်ရေး ဖော်ဆောင်မှုနဲ့ တရားရုံးများ စောင့်ကြည့်ထိန်းညှိရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းမြတ်သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်သူ့တရားစီရင်ရေးစနစ်ကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တိုင်းဒေသ ကြီးတွေမှာ အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ စီစဉ်ထားတာဖြစ်တယ်လို့ သိရပါတယ်။…

လျှပ်စစ်မီး မမှန်တာကြောင့် SME လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ အခက်ကြုံနေရ

မော်လမြိုင် ၊ မေ (၄) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း လျှပ်စစ်မီး မမှန်တဲ့ ပြဿနာကြောင့် အသေးစား၊ အလတ်စား SME လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ အခက်ကြုံ နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ SME လုပ်ငန်းတွေဟာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေတဲ့အတွက်ကြောင့် လုပ်ငန်း အချိန်မီ ပြီးစီးဖို့ အခက်အခဲကို…