Patient woman using a covid-19 self test rapid antigen testing kit at home

ဘန်ဒါဆီရီဘီဂါဝန်၊ မေ ၂၇

ဘရူးနိုင်းနိုင်ငံရဲ့ ကပ်ဘေးအလွန်အခြေအနေသတ်မှတ်ချက်ကို မေလ ၃၁ ရက်နေ့မှစပြီး ရုတ်သိမ်းပြီး ကိုဗစ် ၁၉ ထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ဇွန်လမှ စပြီး ပြောင်းလဲပြင်ဆင်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဘရူးနိုင်းအမျိုးသားအဆင့် ကိုဗစ် ၁၉ ကပ်ဘေးမှ ပြန်လည်နာလန်ထူရေးမူဘောင်အရ ဒေသတွင်း ကူးစက်မှုနှုန်းတဖြည်းဖြည်းကျဆင်းသွားခဲ့သော ယမန်နှစ် ဒီဇင်ဘာလမှစတင်ပြီး ကပ်ဘေးလွန်အခြေအနေအတွင်းသို့ ရောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဘရူးနိုင်းနိုင်ငံရဲ့ ကိုဗစ် ၁၉ ဦးဆောင်ကော်မတီ ပြောကြားချက်အရ အချို့သော ကိုဗစ် ၁၉ လမ်းညွှန်ချက်များကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ပြီး နေအိမ်များ၌ ကျင်းပသော အကြီးစားစုဝေးမှုများကိုလည်း ကန့်သတ်ချက်များ မထားရှိတော့ဘူးလို့ ဆိုပါတယ်။

အားကစားလှုပ်ရှားမှုများ ပြိုင်ပွဲများ သို့မဟုတ် ပွဲစဥ်များကိုလည်း လူအရေအတွက်ကန့်သတ်ချက်မထားဘဲ ခွင့်ပြုပေးသွားမှာဖြစ်ပြီး  အဝစားဆိုင်များအပါအဝင် အစားအသောက်တည်ခင်းဧည့်ခံ့သော နေရာများကိုလည်း ပြန်လည်ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။

ဘာသာရေးဆိုင်ရာလှုပ်ရှားမှုများနှင့် ဗလီများတွင်လည်း အကန့်အသတ်မထားရှိဘဲ ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်သော်လည်း လူစည်ကားသောနေရာများနှင့် ပြင်ပနေရာများမှာမူ နှာခေါင်းစည်းများ ဝတ်ဆင်ရန် လိုအပ်သေးတာဖြစ်ပါတယ်။

ထိုပြင်ဆင်ချက်များမှာ တည်ငြိမ်လာသော ကိုဗစ် ၁၉ အခြေအနေ၊ ကိုဗစ်ဆေးထိုးနှံမှုမြင့် မားလာခြင်း၊ ဆေးရုံတက်ရောက်ကုသမှုနှုန်းကျဆင်းလာခြင်း စသည်များကို စဥ်းစား ချင့်ချိန်ပြီးနောက် ဆောက်ရွက်ခဲ့တာလို့ ဘရူးနိုင်း ကိုဗစ်ကော်မတီက ပြောပါတယ်။ 

ဘရူးနိုင်းနိုင်ငံမှာ အင်္ဂါနေ့ နောက်ဆုံးထုတ်ပြန်ချက်အရ ကိုဗစ်ကူးစက်မှုဖြစ်ရပ်အသစ် ၂၄၆ ဦးအထိရှိပြီး စုစုပေါင်းကူးစက်မှုနှုန်းမှာ ၁၄၇,၀၂၁ ခန့်ဖြစ်ပွားခဲ့တာပါ။ တနင်္လာနေ့ ထုတ်ပြန်ချက်အရ ဘရူးနိုင်းနိုင်ငံ့လူဦးရေရဲ့ ၆၇ ရာခိုင်နှုန်းကို ကာကွယ်ဆေး ၃ ကြိမ် အထိ ထိုးနှံထားပြီးဖြစ်ပါတယ်။

Ref:Xinhua

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.