ဘန်ကောက် – မေ(၂၇)

ထိုင်းနိုင်ငံအတွင်း မျောက်တွေဆီက လူတွေကို ကူးစက်တဲ့ ပလာစ်မိုဒီယမ် နော်လာဆီ (Plasmodium knowlesi ) ရောဂါ ပိုးမျိုးစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ငှက်ဖျားရောဂါတစ်မျိုး စတင်ထွက်ပေါ်လာတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုမှ ဖော်ပြထားပါတယ်။ 

ထိုင်းကူးစက်ရောဂါထိန်းချုပ်ရေးရဲ့ အချက်အလက်တွေအရ ၂၀၁၄ ခုနှစ်က  ဒီလို ရောဂါကူး စက်ခံခဲ့ရတဲ့ ပထမဆုံး လူနာထွက်ပေါ်လာခဲ့ပြီး တစ်နှစ်ကို ကူးစက်သူဦးရေ (၁၀) ဦးလောက် အထိရှိခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ မျောက်တွေဆီက လူကို ကူးစက်တဲ့ ပလာစ်မိုဒီယမ် နော်လာဆီ ငှက်ဖျားရောဂါကူးစက်သူ (၆၀) ပတ်ဝန်းကျင်အထိရှိလာခဲ့ပြီး ရနောင်ခရိုင်မှာ (၃၃) ဦး၊ ဆုန်ခလာခရိုင်မှာ (၁၇) ဦးနဲ့ တရတ်ခရိုင်မှာ (၁၀) ဦးအထိရှိလာခဲ့ပါတယ်။ 

ဒီရောဂါဟာ မျောက်တွေဆီက လူတွေကို “ခြင်” တွေကတဆင့်ကြားခံကူးစက်တာဖြစ်ပြီး လူတစ်ဦးမှ တခြားသူတစ်ဦးကို ကြားခံဖြစ်တဲ့ “ခြင်”တွေကတဆင့် ကူးစက်နိုင်တာ ရှိမရှိ ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ လေ့လာတွေ့ရှိချက်တွေမရှိသေးပါဘူး။ 

ရောဂါလက္ခဏာတွေ့ရှိသူတွေဟာ တောတောင်တွေထဲက မျောက်တွေနဲ့ ထိတွေ့ပြီး ပြန်လာတဲ့ ခရီးသွားရာဇဝင်ရှိသူတွေဖြစ်ပြီး အဖျားတက်တာ၊ခေါင်းကိုက်တာ၊ချမ်းတုန်တာနဲ့ ချွေးထွက် လွန်တဲ့ လက္ခဏာတွေပြသတက်တယ်လို့ သိရပါတယ်။ 

ပလာစ်မိုဒီယမ် နော်လာဆီလို လက္ခဏာ ပြသရင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို သွားရောက်ပြီး ငှက်ဖျားအတွက် သွေးစစ်ဆေးမှုခံယူကာ ကုသနိုင်ဖို့အတွက်လည်း မိမိတို့ရဲ့ ခရီးသွားရာဇဝင်ကို အသိပေးရမယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံကူးစက်ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ရောဂါကူးစက်မှု အန္တရာယ်ဖြစ်နိုင်ချေ မြင့်မားတဲ့ ဧရိယာတွေမှာ နေထိုင်တဲ့သူတွေနဲ့ တောတောင်ထဲမှာ ရောက်နေတဲ့ ခရီးသွား ဧည့်သည်တွေကို လုံခြုံတဲ့ အဝတ်အစား၊ခြင် နိုင်ဆေးနဲ့ ခြင်ထောင်တွေထဲ အိပ်စက်ကြဖို့ ညွှန်ကြားထားပါတယ်။ 

မျောက်တွေကတဆင့် လူကို ကူးစက်တဲ့ ငှက်ဖျားရောဂါ (Malaria Nova) နဲ့ (Monkey Feet) ဆိုတဲ့ ပုံစံနှစ်မျိုးဖြစ်ကြပြီး ထိုင်းနိုင်ငံထဲမှာတော့ (Monkey Feet) ရောဂါကူးစက်မှုကို မတွေ့ ရဘူးလို့ သိရပါတယ်။ 

ထိုင်းနိုင်ငံမှာ ကူးစက်မြန်တဲ့ (Malaria Nova) ရောဂါလက္ခဏာတွေ့ရတဲ့အတွက် အထူးဂရုစိုက် ကြဖို့နဲ့ အခုအခြေအနေဟာ ကပ်ဘေးရောဂါအဆင့်မဟုတ်သေးဘူးလို့ ထိုင်း ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန- ကူးစက်ရောဂါထိန်းချုပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

Ref : Thai PBS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.