North Korean leader Kim Jong Un chairs a Worker's Party meeting on coronavirus disease (COVID-19) outbreak response in this undated photo released by North Korea's Korean Central News Agency (KCNA) on May 12, 2022. KCNA via REUTERS

ပြုံယမ်း – မေ(၁၃) 

မြောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ကိုဗစ်- 19  ကူးစက်မှုဖြစ်စဉ် ကိုမေလ(၁၂) ရက်နေ့က စမ်းသပ်တွေ့ရှိခဲ့ပြီး နောက်မှာတော့ အမျိုးသားအရေးပေါ်အခြေအနေလို့ ခေါ်ကာ နိုင်ငံတဝှမ်း အသွားအလာကန့်သတ်မယ့် အမိန့်တစ်ရပ်ကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ 

နိုင်ငံတကာ ကာကွယ်ဆေးအကူအညီလက်ခံဖို့ ငြင်းဆိုထားပြီး နယ်စပ်မျဉ်းတွေပိတ်ထားတဲ့ မြောက်ကိုရီးယားမှာ ပထမဆုံးလူထုကူးစက်မှုနဲ့အတူ ကြီးမားတဲ့ ကူးစက်မှုတွေထိ အလားအ လာတွေရှိနေပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ထုတ်ပြန်ချက်မှာတော့ မတ်လအထိ မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှုဖြစ်စဥ်မရှိသေးသလို နိုင်ငံတွင်းကိုဗစ်ကာကွယ်ဆေးထိုးနှံထားတဲ့ မှတ်တမ်း တစုံတရာလည်း မရှိဘူးလို့ ဖော်ပြထားပါတယ်။ 

“၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကတည်းကနေစပြီး ၂ နှစ်နဲ့ ၃ လကျော်ကြာ လုံခြုံမှုကို ထိန်းထားနိုင်တဲ့ အခြေအနေနှင့် အရေးပေါ်ကွာရန်တင်းမျက်နှာစာကတော့ ယခုချိန်မှာ ယိုပေါက်တစ်ခုဖြစ်ပေါ်လာပါပြီ၊ ဒါဟာနိုင်ငံအတွက် အကြီးမားဆုံးအရေးပေါ်အခြေ အနေတစ်ရပ်ပါ”လို့ KCNA သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။ 

စမ်းသပ်တွေ့ရှိထားတဲ့  ရောဂါပိုးမှာ BA.2 လို့လူသိများတဲ့  ကူးစက်နှုန်းမြင့်တဲ့ ဗိုင်းရပ်စ်မျိုးကွဲဖြစ်ပါတယ်။ 

ပြုံယမ်းရှိလူတွေမှာ အိုမီခရွန် တွေ့ရှိတယ်လို့ ဖော်ပြထားပြီး အသေးစိတ် အချက်အလက်ဖြစ်တဲ့ ဖြစ်စဉ်ကိန်းဂဏန်းတွေနဲ့ ကူးစက်မှုအရင်းအမြစ်တွေတော့မပါဝင်ပဲ ကူးစက်ခံရသူတွေရဲ့ ဓာတ် ခွဲနမူနာကို ပြီးခဲ့တဲ့ မေလ(၈) ရက်နေ့က စုစည်းထားတယ်လို့သာ KCNA က ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ် ဦးဆောင်ပြီး ပထမဆုံး ကိုဗစ်ပျံ့နှံ့ကူးစက်မှုတွေကို တုံ့ပြန်ဖို့ အစည်းအဝေးကျင်းပထားတယ်လို့လည်း သိရပါတယ်။ 

ကင်မ်က နိုင်ငံရဲ့မြို့တွေနဲ့ ခရိုင်တွေအားလုံးကို ကိုဗစ်ပျံ့နှံ့မှုထိန်းချုပ်ဖို့နဲ့ အရေးပေါ်အရန်ဆေး ကုသမှုဆိုင်ရာ အထောက်အပံ့တွေထားရှိဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။ 

နိုင်ငံကပ်ဘေးကာကွယ်ရေးအလုပ်ကို အမြင့်ဆုံးအရေးပေါ်ကပ်ဘေး ကာကွယ်ရေးစနစ် အဖြစ် သို့တိုင်းမြှင့်ပြောင်းလဲသွားရမယ်လို့ KCNA သတင်းဌာနက ပြောဆိုထားပါသေးတယ်။ 

မြောက်ကိုရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေမှာ အိုမီခရွန်မျိုးကွဲ ကူးစက်မှုတွေများပြားနေတဲ့အတွက် အဲ့ဒီနိုင်ငံအတွင်းလက်ရှိဖြစ်ပေါ်နေတဲ့ တစ်ခုတည်းသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့က သံသယရှိနေကြပါတယ်။ 

နိုင်ငံတကာရဲ့ ဖယ်ကျဉ်တာခံထားရတဲ့ မြောက်ကိုရီးယားဟာ ၂၀၂၀ အစောပိုင်းကပ်ဘေး စတင်ချိန်ကတည်းက နယ်စပ်ပိတ်ဆို့တာတွေအပါအဝင် တင်းကြပ်တဲ့ ကွာရန်တင်းအတိုင်း အတာတွေကို ဖိအားပေးဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ 

Ref:REUTERS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.