ဝယ်လင်တန် ၊ မေ (၁၃)

ဗီယက်နမ် ဝန်ကြီးချုပ် ဖမ်မင့်ချင့်က ဟနွိုင်းအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ အဆိုပြုထားသော အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ရဲ့ ဦးတည်ချက်တွေကို အကောင်အထည်ဖော်ဖို့ စိတ်ဝင်စားပေမယ့် အသေးစိတ်ကို လေ့လာရန်အတွက် အချိန်လိုအပ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်နှင့် အရှေ့ တောင်အာရှခေါင်းဆောင်များအကြား နှစ်ရက်တာထိပ်သီးဆွေးနွေးပွဲကို မေလ၁၂ ရက်နေ့က ဝါရှင်တန်မြို့မှာ စတင်လိုက်ပြီး ဘိုင်ဒန်ရဲ့ အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် Indo-Pacific Economic Framework (IPEF) ကို ဆွေးနွေးနေပြီးလို့ ဗီယက်နမ် ဝန်ကြီး ချုပ်က ပြောကြားခဲ့ပါတယ်။

ထိုစီးပွားရေးမူဘောင်ရဲ့ အစိတ်အပိုင်းလေးခုမှာ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှု၊ ဒစ်ဂျစ်တယ် စီးပွား‌ရေး၊ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်သွားနိုင်ရေးနှင့် လုပ်သား၊ အခွန်နှင့် အကျင့်ပျက်ချစားမှု ကို လျှော့ချရေးတို့ဖြစ်ပါတယ်။

လွန်ခဲ့သော အောက်တိုဘာလအတွင်းကျင်းပခဲ့သော ဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒေသန္တရစံသတ်မှတ်ချက်တွေကို ချမှတ်ရေးအား ဦးတည်သော IPEF ကို အကောင်အထည်ဖော်ရေးအတွက် ပြောဆိုခဲ့ပြီး လာမည့်သီတင်းပတ်အတွင်း ‌ဆောင်ရွက်မှုကို အဆုံးသတ်နိုင်မယ်လို့ သံအမှတ်တွေက ပြောကြားခဲ့ပါတယ်။

သုံးသပ်သူများနှင့် သံအမတ်တွေကတော့ အာဆီယံ ၁၀ နိုင်ငံအနက် စင်ကာပူနှင့် ဖိလစ်ပိုင် ၂ နိုင်ငံသာ IPEF အောက်မှာ ညှိနှိုင်းဆွေးနွေးမှုတွေကို ဝင်ရောက်နိုင်မယ်လို့ သုံးသပ်ထားပါတယ်။

မကြာသေးမီနှစ်များအတွင်းမှာ အမေရိကန်ပြည်ထောင်စုနှင့် ဟနွိုင်းဆက်ဆံရေးမှာ ပွင့်လန်းလာခဲ့ပြီး နှစ်စဥ်ကုန်သွယ်မှုသည်လည်း အမေရိကန်ဒေါ်လာ ၁၁၂ ဘီလီယံနီးပါအထိရှိလာတာကို

ဂုဏ်ပြုပေမယ့် ဗီယက်နမ်စစ်ပွဲကဲ့သို့သော နှစ်ဖက်ရန်လိုမုန်းထားမှုဆိုင်ရာ အမွေအနှစ်ကို ပူးပေါင်း ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

Ref:REUTERS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.