မော်စကို – မေ(၁၂) 

ရုရှားနိုင်ငံကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုအတွက် ကြိုးပမ်းနေချိန်မှာ ဒေသန္တရဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်လေးဦး ပြီးခဲ့တဲ့ အင်္ဂါနေ့က ရာထူးက နှုတ်ထွက်ခဲ့ကြပါတယ်။ 

တွမ်စခ်၊ဆရာတော့ဖ်၊ကီးရို့ဗ််နဲ့ မာရီအယ် ဒေသတွေက အကြီးအကဲတွေဟာ သူတို့ရဲ့ ရာထူးတွေက ချက်ချင်းနှုတ်ထွက်တယ်လို့ ကြေညာထားပြီး လာမယ့် စက်တင်ဘာလအတွင်း တိုင်းဒေသကြီးငါးခုလုံး အတွက်ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားပြီး အရီးဇိုင်းဒေသအကြီးအကဲကတော့ နောက်သက်တမ်း အတွက် အရွေးခံမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

ရုရှားဒေသဆိုင်ရာ အုပ်ချုပ်ရေးအကြီးတွေကို ရွေးကောက်တင်မြှောက်ထားပေမယ့် သူတို့ဟာ ကရင်မလင် နန်းတော်ရဲ့ နိုင်ငံရေးလက်အောက်ခံဖြစ်ပြီး လူကြိုက်မများတဲ့ အုပ်ချုပ်ရေးမှုးတွေဟာ ပုံမှန်အချိန်တွေမှာ သက်ဆိုင်ရာရုံးတွေက ထုတ်ပြန်ထားပေမယ့် နွေဦးကာလတွေမှာတော့ သူတို့ရဲ့ နှုတ်ထွက်စာတွေတင်လေ့ရှိတယ်လို့ သိရပါတယ်။ 

မော်စကို ဒေသဆိုင်ရာနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စင်တာက တွေးခေါ်မပညာရှင်အကြီးအကဲ 

က အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံရဲ့ စီးပွားရေး အလားအလာတွေပိုဆိုးလာတဲ့အတွက် အစိုးရက အုပ်ချုပ်ရေးမှူးတွေကို ဖယ်ရှားနေတာလို့ ပြောခဲ့ပါတယ်။ 

“အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးသြဇာလွှမ်းမိုးမှု သိသိသာသာကြီးတဲ့ ဒေသတွေမှာ စီးပွားရေးကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တယ်။ ဒီအုပ်ချုပ်ရေးမှူးတွေကို ငယ်ရွယ်တဲ့ သူမှုတွေနဲ့ အစားထိုးဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။

ရုရှားစီးပွားရေးဟာ ၂၀၂၂ ခုနှစ်မှာ (၈.၈) ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ စီးပွားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.