တိုကျို – မေ(၁၃)
စည်းမျဉ်းဥပဒေတွေကို ပြန်လည်ပြင်ဆင်ပြီးနောက် လာမယ့် နိုဝင်ဘာလက စတင်ပြီး လိင်တူလက်ထပ်ခွင့်ကို အသိအမှတ်ပြုသွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူ တွေက ပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ လိင်တူချစ်သူတွေကို အသိအမှတ်မပြုတဲ့ နိုင်ငံ ခုနှစ်ခုမှ တစ်ခုအပါအဝင် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လိင်နှစ်မျိုးစလုံးရဲ့ အပြန်အလှန်သဘောတူညီချက်ဖြင့်သာ လက်ထပ်ရမယ်လို့ ပြဌာန်းထားပါတယ်။
နိုင်ငံတဝှမ်းက ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ လိင်တူလက်ထပ်ခွင့်ကို အသိအမှတ်ပြုဖို့ လှုံဆော်တာတွေပြုလုပ်ခဲ့ပေမယ့် အသိအမှတ်ပြုမှုဟာ ဥပဒေအောက်မှာ လက်ထပ်တာလို့ တူညီတဲ့ အခွင့်အရေးတွေကို မဆောင်ကျဉ်းထားသေးပါဘူး။
“လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက လူထုဆီက ထင်မြင်ယူဆချက်တွေကို စုဆောင်းပြီး လက်တွဲဖော်အဖြစ် အသိအမှတ်ပြုလိုတယ်လို့ လိင်တူချစ်သူတွေဆီက ထင်မြင်ချက်တွေကို ကြားခဲ့ရပါတယ်” လို့ တိုကျိုအစိုးရ ပြောရေးဆိုခွင့်ရှိသူက AFP ကို ပြောခဲ့ပါတယ်။
မြို့တော်အစိုးရက ဒေသန္တရအမိန့်ကို လာမယ့် ဇွန်လမှာ ပြန်လည်ပြင်ဆင်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေဆီက တောင်းဆိုဖို့ စီစဉ်နေပြီး အသိအမှတ်ပြုလက်မှတ်လျှောက်လွှာတွေကို အောက်တိုဘာလမှာ စတင်လက်ခံပြီး နိုဝင်ဘာမှာ ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
တချို့သောနယ်မြေတွက မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (၂၀၀) ကျော်ဟာ လက်ရှိအချိန်မှာ လိင်တူ ချစ်သူတွေကို အသိအမှတ်ပြုပြီး ဆေးရုံမှာ သွားရောက်ကြည့်ရှု့နိုင်ခွင့်နဲ့ အိမ်ငှါးရမ်းခွင့်အပါ အဝင် စုံတွဲတွေကို အခွင့်အရေးပေးထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
မနှစ်က စီရင်ချက်တစ်ခုမှာ ဂျပန်နိုင်ငံရဲ့ လိင်တူလက်ထပ်တာကို အသိအမှတ်ပြုဖို့ ပျက်ကွက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားပါသေးတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါဟာ လိင်တူအဖွဲ့တွေကို အသိအမှတ်ပြုဖို့ အမျိုးသားအဆင့် ဥပဒေပြုရေးဆိုင်ရာ အပြောင်းအလဲတွေဖြစ်ပေါ်နိုင်ခြေနဲ့ ပတ်သက်ပြီး သတိကြီးကြီးထား ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ref: Bangkok Post