ဖနွမ်းပင် – မေ(၁၂) 

ကမ္ဘောဒီယားခေါင်းဆောင်ဟွန်ဆန်က အာဏာသိမ်းခေါင်းဆောင်ရဲ့ ကမ်းလှမ်းချက်ကို ကန့်ကွက်ခဲ့တဲ့ EAOs တွေရဲ့ လုပ်ရပ်ကြောင့် ပြည်သူတွထိခိုက်စေတယ်လို့ ဒီနေ့ မေလ(၁၂) ရက်နေ့မှာ ပြောခဲ့ပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေက ငြင်းဆန်ထားတာပါ။ 

“မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းအပစ်အခတ်ရပ် စဲရေး သဘောတူစာချုပ်မှာ EAOs တွေလက်မှတ်ရေးထိုးလာစေဖို့အတွက် အာဆီယံဥက္ကဌ ကို လက်နက် ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ တောင်းဆိုထားပါတယ်” လို့ အာဆီယံအလှည့်ကျဥက္ကဌ ဟွန်ဆန်က ပြောခဲ့ ပါတယ်။ 

ဒါ့အပြင် ဆွေးနွေးဖို့လုပ်တာကို ရပ်တန့်ဖို့ ဆန္ဒပြဖို့ လုပ်ဆောင်နေတဲ့ မြန်မာ ဆန္ဒပြသူ အားလုံးကို ကိုယ့် နိုင်ငံကို ဖျက်ဆီးပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ပစ်တာကို မလုပ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်လို့ သူကပြောပါသေးတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေနေထိုင်ရာနေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေအပါအ ဝင် သာလွန်အင်အားအသုံးပြုပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေလုပ်ဆောင်တာတွေအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက စစ်ကောင်စီနဲ့ မတွေ့နိုင်ကြောင့် ငြင်းပယ်နေကြချိန်မှာ အာဆီယံအလှည့်ကျဥက္ကဌက အခုလိုပြောခဲ့တာပါ။

ဟွန်ဆန်ဟာ အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတက်ဖို့အတွက် အမေရိကန်ကိုရောက်ရှိနေ ချိန်မှာ အမေရိကန်နဲ့ ကနေဒါမှာ ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားနိုင်ငံသား နှစ်ထောင်ကျော်နဲ့ တွေ့ဆုံ ခဲ့တဲ့ ပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ 

Ref: Fresh News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.