နယူးဒေလီ ၊ မေ (၈)

အိန္ဒိယနိုင်ငံအနောက်ပိုင်းမဟာရက်ရ်ထှရာ ပြည်နယ်မှာ မတ်လနှောင်းပိုင်းမှစတင်ပြီး အပူဒဏ်ကြောင့် သေဆုံးသူ ၂၅ ဦးရှိခဲ့ကာ လွန်ခဲ့သည့်ငါးနှစ်အတွင်း အမြင့်ဆုံးသေဆုံးမှုဖြစ်ခဲ့ပါတယ်။

အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် အပူချိန်မြင့်တက်နေသည့် အခြားနေရာတွေမှာလည်း သေဆုံးနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ 

သိပ္ပံပညာရှင်များက ပြင်းထန်သောနွေရာသီရဲ့ အစောပိုင်းအစမှာ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေပြီး အိန္ဒိယနှင့် အိမ်နီးချင်းပါကစ္စတန်ရှိ လူဦးရေ တစ်ဘီလီယံကျော်ဟာ ဆိုးဝါးသည့်အပူဒဏ်ကို တစ်နည်းနည်းဖြင့် ခံရနိုင်ချေရှိတယ်လို့ ဆိုထားပါတယ်။

လာမည့်လမှာတော့ အေးမြတဲ့ မုတ်သုံမိုးကို မျှော်မှန်းထားပြီး အိန္ဒိယနိုင်ငံရဲ့ အချို့နေရာတွေမှာ မကြာခဏ ဓာတ်အား ပြတ်တောက်မှုကြောင့် လေအေးပေးစက် တတ်နိုင်သော အိမ်ထောင်စုများပင် လာမည့် ရက်သတ္တပတ်များစွာအတွင်း အနည်းငယ်သာ ရရှိမှာဖြစ်ပါတယ်။ 

သေဆုံးမှုအများအပြားသည် အိန္ဒိယရဲ့ အချမ်းသာဆုံးပြည်နယ်က ကျေးလက်ဒေသတွေမှာ ဖြစ်ပွားခဲ့ပြီး “ အပူဒဏ်ကြောင့် သေဆုံးတယ်လို့ သံသယရှိပါတယ်” ဟု မဟာရက်ရ်ထှရာ ကျန်းမာရေးအရာရှိက ရိုက်တာ သို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယသည် ကမ္ဘာပေါ်မှာ ဂျုံစပါး ဒုတိယအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပေမယ် အပူဒဏ်ကြောင့် ယခုနှစ် စပါးအထွက်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသည် ရာစုနှစ်တစ်ခုကျော်အတွင်း အပူဆုံး မတ်လအဖြစ် မှတ်တမ်းတင်ခဲ့ပြီး နိုင်ငံတစ်ဝှမ်း အမြင့်ဆုံးအပူချိန် ၃၃. ၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး ပုံမှန်ထက် ၁.၈၆ ဒီဂရီနီးပါးရှိကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ထားပါတယ်။  

အိန္ဒိယနိုင်ငံ၏ မြောက်ဘက်၊ အနောက်နှင့် အရှေ့ဘက်ရှိ ဒေသအများအပြားတွင် ပြီးခဲ့သည့်လက အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်လာခဲ့ပါသည်။ 

အရှေ့ပိုင်း အိုဒီရှာ ပြည်နယ်မှာတော့ ဧပြီ ၂၅ ရက်က အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး အပူဒဏ်ကြောင့် သေဆုံးခဲ့ပြီး ရာနှင့်ချီ ဆေးကုသမှု ခံယူခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

Ref: Channelnewsasia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.