ကိုလံဘို – မေ(၈) 

သီရီလင်္ကာသမ္မတက သူ့ကို ရာထူးကနှုတ်ထွက်ပေးဖို့ သပိတ်မှောက်မှုတွေကြာင့် ဒုတိယအကြိမ် နိုင်ငံအရေးပေါ်ကြေညာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ဆူပူအုံကြွမှုတွ ရပ်တန့်ဖို့ အခွင့်အာဏာ ပြည့်ပေးအပ်ခဲ့ပါတယ်။

စီးပွားရေးအကြပ်အတည်းတွေကြောင့် သမဂ္ဂအဖွဲ့ဝင်တွေက သူ့ကို အပြစ်တင်ဝေဖန်တာတွေ ရှိခဲ့ပြီး စျေးဆိုင်တွေပိတ်သိမ်းတာနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တန့် ခဲ့တဲ့အထိ အုံကြွမှုတွေဖြစ်ပွားခဲ့ပြီးနောက်မှာတော့ တင်းကြပ်တဲ့ ဥပဒေတွေကို လိုက်နာဖို့ သမ္မတ ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက အမျိုးသားပါလီမန်ကို ဝင်ရောက်စီးနင်းဖို့ ကြိမ်းပမ်းတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေအသုံးပြုပြီး လူစုခွဲဖြိုခွင့်တာတွေ လုပ်ဆောင်ထားပါသေးတယ်။ 

အခုထုတ်ပြန်တဲ့ အရေးပေါ်အခြေအနေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တရားစီရင်ရေးဆိုင်ရာ ကြီးကြပ်မှုမရှိစေပဲ သံသယရှိသူတွေကို အချိန်အကန့်အသတ်မရှိ ဖမ်းဆီးထိန်းသိမ်း နိုင်မယ့် လုပ်ပိုင်ခွင့်တွေပေးထားတယ်လို့ သိရပါတယ်။ 

တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်သားတွေကိုလည်း ဖြန့်ကျက်ခွင့်ပြုထားပါတယ်။ 

မရှိမဖြစ်လိုပါတဲ့ ဝန်ဆောင်မှုတွေနဲ့ အများပြည်သူဆိုင်ရာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း တွေကို ထိန်းသိမ်းဖို့အတွက်အရေးပေါ်ပြဌာန်းချက်တွေကို သမ္မတရဲ့ အုပ်ချုပ်မှုအာဏာကို အသုံးပြုကျင့်သုံးတာဖြစ်ပြီး အဲ့ဒီဥပဒေတွေဟာ မေလ(၆) ရက်နေ့ သန်းခေါင်းယံအချိန်က စတင်အသက်ဝင်မှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။ 

မြို့တော်ကိုလံဘိုက သမ္မတနေအိမ်ကို ဆန္ဒပြ သူထောင်ပေါင်းများစွာက ဝင်ရောက်စီးနင်းဖို့ ကြိုးပမ်းခဲ့ပြီးနောက်တစ်ရက်အကြာ ဧပြီလ(၁) ရက်နေ့မှာ နိုင်ငံအရေးပေါ်အခြေအနေစတင် ကြေညာခဲ့တာဖြစ်ပြီး အဲ့ဒီဥပေဒေဟာ ဧပြီလ(၁၄) ရက်နေ့မှာ ပျက်ပြယ်သွားခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ(၉) ရက်နေ့တည်းကထောင်နဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေဟာ သမ္မတရဲ့ ရုံးခန်းအပြင် ဘက်မှာ ရှိနေကြပြီး တခြားအုပ်စုငယ်တွေကတော့ အစိုးရရဲ့ အဓိက အဖွဲ့ဝင်တွေရဲ့ နေအိမ် တွေကို ဝင်ရောက်ဖို့ ကြိုးပမ်းတာတွေရှိလာတဲ့အတွက် အရေးပေါ်ကြေညာချက်အသစ် ထုတ်ပြန် လိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ 

အာဏာရပါတီ ဥပဒေပြုအမတ်တွေအားလုံးအတွက် အင်အား (၈၅၀၀၀) ရှိတဲ့ အထူးရဲတပ်ဖွဲ့ဝင် တွေနဲ့ လုံခြုံရေးပေးထားရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်နက်တွေ ဖြည့်တင်းပေးဖို့ အမတ် တွေက တောင်းဆိုထားပါသေးတယ်။ 

Ref: Bangkok Post 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.