ယူရို – ဧပြီ(၂၉)
ကိုဗစ်အရေးပေါ်ကာလ ကာကွယ်ဆေးထိုးတာနဲ့ ကပ်ဘေးကာလ ယှဉ်တွဲနေထိုင်ဖို့ အသစ်ဖြစ် ပေါ်လာနိုင်တဲ့ကိုဗစ်လှိုင်းတွေအတွက် စမ်းသပ်နေချိန် ဥရောပ သမဂ္ဂ ဟာ အရေးပေါ်ကာလကို ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။
အဲ့ဒီကြေညာချက်မှာ ပြင်းထန်တဲ့ အိုမီခရွန်မျိုးကွဲနဲ့ ကာကွယ်ဆေးထိုးနှံမှုမြင့်မားလာတဲ့အတွက် ဥရောပတလျှောက် သေဆုံးမှုတွေနဲ့ဆေးရုံတက်ကုသမှုဆိုင်ရာ ကိန်းဂဏန်းတွေ သိသာစွာ ကျဆင်းလာကာ နောက်ဆက်တွဲ ဆောင်ရွက်ချက်တွေထွက်ပေါ်လာပြီး ဥရောမရဲ့လေးပုံသုံးပုံမှာ အပြည့်အဝထိုးနှံထားပြီး ကျန်တဝက်မှာ ကာကွယ်ရေးအားဖြည့်အကြိမ်ရေအထိ ထိုးနှံထားပြီး ဖြစ်တယ်လို့သိရပါတယ်။
မကြာသေးခင်ရက်သီတင်းပတ်တွေအတွင်း ကျန်းမာရေးစောင့်ရှောင့်မှုစနစ်အပေါ်ဝန်ထုတ်ဝန်ပိုး ဖြစ်စေတဲ့ကိုဗစ် ကန့်သတ် ချက်တွေကို EU အဖွဲ့ဝင်နိုင်ငံတွေ လျှော့ချခဲ့တာပါ။
“ပိုးမွှားမျိုးကွဲအသစ်များသည်အလျင်အမြန်ဖြစ်ပေါ်လာပြီးကူးစက်ပျံ့နှံ့နိုင်ပါတယ်။ဒါပေမယ့်ကျွန်ုပ်တို့ကရှေ့ဖြစ်နည်းလမ်းကိုသိထားကြတယ်။ကာကွယ်ဆေးနှင့်အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်း အပြင် ဦးတည်စစ်ဆေးမှုတွေကို အတော်လေး အရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့ လိုပြီးတော့ EUအတွင်းကျွန်ုပ်တို့၏တုံ့ပြန်ချက်များကိုဆက်လက်ပြီးတော့ချိတ်ဆက်ဆောင်ရွက်သွားရပါမယ်” လို့ ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုအသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ရောဂါနဲ့ ဆက်စပ်ပြင်းထန်မှုတွေလျော့ကျလာတာကြောင့် ကပ်ဘေးဆိုင်ရာ စီမံခန့်ခွဲမှု ချိတ် ဆက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တဲ့ထုတ်ပြန်ချက်ကို ကြေညာခဲ့ပြီး ဥပဒေအတိုင်း စည်းနှောင်းထားတာမရှိသလို တခြားနိုင်ငံတွေအနေနဲ့လည်း အဲ့ဒီထုတ်ပြန်ချက်ကို လိုက်နာနိုင်သလို ငြင်းဆန်နိုင်တယ်လို့လည်း သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥက္ကဌက ကိုဗစ်လို ဆင့်ကဲပြောင်းလဲမှုနဲ့ အသစ်ဖြစ်ပေါ်လာတဲ့ အန္တရာယ် ရှိတဲ့ ကူးစက်မှုတွေကြောင့် ကမ္ဘာကြီးကို မျက်ကွယ်ပြုရတဲ့အထိဖြစ်စေတဲ့ ဘေးအန္တရာယ်ဆိုင် ရာကိစ္စတွနဲ့ပတ်သက်ပြီး စမ်းသပ်လျှက်ရှိတယ်လို့သိရပါတယ်။
အောင်မျိုးမြတ်
Ref:New York Time