မော်စကို – ဧပြီ(၂၄)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်ဟာ လာမယ့် ဧပြီလ(၂၆) ရက်နေ့မှာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး သမ္မတပူတင်းနဲ့ တွေ့ဆုံ ဆွေးနွေးသွားဖို့ရှိတယ်လို့ ကုလအကြီးအကဲပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဂူတာရက်စ်ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂီလာဗရောနဲ့ အလုပ်သဘောတွေ့ဆုံမှာ ဖြစ်ပြီး ယူကရိန်းငြိမ်းချမ်းရေးအတွက် အရေးတကြီးဆောင်ကျဉ်းပေးနိုင်မယ့်အရာတွေကို ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က နယူးယောက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။

ရုရှားနိုင်ငံရဲ့ တောင်ပိုင်းအိမ်နီးချင်းနိုင်ငံကိုလည်း အလည်အပတ်သွားရောက်ဖို့ ပြင်ဆင် တာတွေပြုလုပ်နေပြီး အတွင်းရေးမှူးချုပ်ရုံးဟာ ယူကရိန်းအစိုးရနဲ့လည်း အစီအစဉ်အ တိုင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဂူတာရက်စ်ဟာ ပူတင်ကို လာမယ့် အင်္ဂါနေ့မော်စကိုမြို့မှာ လက်ခံတွေ့ဆုံဖို့နဲ့ ယူကရိန်းသမ္မတဇီလန်းစကီးကိုလည်း ကိယက်ဗ်မြို့မှာ လက်ခံတွေ့ဆုံဖို့ သူတို့နိုင်ငံ တွေရဲ့ ကုလသမဂ္ဂ အမြဲတမ်းမစ်ရှင်တွေဆီသီးခြားပေးပို့တဲ့စာတွေနဲ့တောင်းဆိုထားပါ တယ်။

ကြာသပတေးနေ့ကစတင်ပြီး အော်သိုဒေါ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော်ကျင်းပချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ လေးရက်ကြာ တိုက်ပွဲတွေ ခေတ္တရပ်နားထားဖို့နဲ့ စစ်ဖြစ်ပွားရာဒေသတွေက  အရပ်သားတွေကို ဘေးကင်းစွာ ဖြတ်သန်းနိုင်စေရေးနဲ့ခက်ခဲသောဒေသတွေကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေပေးအပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်းဆိုထားပါတယ်။

“အထွေထွေအတွင်းရေးမှူးချုပ်က သူ့အနေနဲ့ ပုဂ္ဂိုလ်ရေးအရ တောင်းဆိုမှုကို ဂရုမ စိုက်တဲ့အတွက် သိပ်စိတ်ပျက်စရာမဟုတ်ပေမယ့် အပစ်အခတ်ရပ်စဲရေးမရှိသေးဘဲ အရပ်သားတွေကို ဝိုင်းထားတဲ့နေရာတွေကို မစွန့်ခွာနိုင်တဲ့အပြင် ယူအန်နဲ့ မိတ်ဖက် အဖွဲ့တွေဆီက အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ အကူအညီတွေ ပေးအပ်ဖို့  ဝိုင်းထားတဲ့ နေရာတွေကို ဝင်လို့မရတာကို ပိုပြီး စိတ်ပျက်မိကြောင်း”  ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကုလအကြီးအကဲ ဂူတာရက်စ်မော်စကိုမြို့ကိုသွားရောက်လည်ပတ်စဉ်အတွင်း အဲ့ဒီ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူကပြောပါသေးတယ်။

ရုရှားက ယူကရိန်းကိုကျူးကျော်တာဟာ (၁၉၄၅) ခုနှစ်နောက်ပိုင်း ဥရောပမှာ အကြီးမား ဆုံးတိုက်ခိုက်မှုဖြစ်ပြီး လူပေါင်းထောင်နဲ့ချီဒဏ်ရာရခဲ့ကာ ဒီနေ့အထိ နိုင်ငံတွင်း လူသား ချင်းစာနာမှုအကူအညီလိုအပ်နေတဲ့လူ(၁၂) သန်းကျော်ရှိနေတယ်လို့ ဂူတာရက်စ်က ပြောထားပါတယ်။

ရုရှားရဲ့ အထူးစစ်ဆင်ရေးစတင်တည်းက ယူကရိန်းရဲ့ မြို့တွေဟာ အပျက်အစီတွေနဲ့ ဗုံးဒဏ်တွေခံစားခဲ့ရပြီး စစ်အင်အားတွေဆုတ်ခွါခဲ့ပြီးချိန်မှာတော့ ရာနဲ့ချီတဲ့အရပ်သား တွေရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ စွပ်စွဲချက်တွေကိုတော့ ရုရှား အစိုးရက သက်သေအထောက်အထားမရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.