ဘန်ကောက်၊ ဧပြီ ၂၂

ယခုသီတင်းပတ်အတွင်း Fierce မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသော ထိုင်းနိုင်ငံ၊ ဒွန်‌မောင်းလေဆိပ်ကို ပြုပြင်ဖို့အတွက် ခန့်မှန်းကုန်ကျစရိတ် ဘတ် ၂၀ မီလီယမ်လျာထားတယ်လို့ ထိုင်းနိုင်ငံသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ပြောကြားခဲ့ပါတယ်။

လက်ထောက်အမြဲတမ်းအတွင်းဝန် ဖီဆက် ဂျစ်ဗီရီရာဗာဆင် က အဆိုပါ ကုန်ကျစရိတ်ဟာ တနင်္လာ‌နေ့မှာ ဖြစ်ပွားခဲ့သော မုန်တိုင်းကြောင့် ထိခိုက်ခဲ့တဲ့ အပျက်အစီးများအတွက် အကြိုခန့်မှန်းထားတဲ့ ဘတ်ဂျက်မျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြင်းထန်သော Fierce မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး လေဆိပ်ရဲ့ ဝန်ဆောင်မှု ခန်းမ အဆောက်အအုံသစ်ရှိ ခေါင်းမိုးနှင့် နံရံ အချို့ ပျက်စီးခဲ့ပြီး ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

အုပ်စုလိုက် ခရီးသွား Tour ဧည်သည့်တွေအတွက် ရည်ရွယ်ထားသော ထိုခန်းမကို ၂၀၂၀ ခုနှစ် ဇွန်လမှာ အပြီးသတ် ဆောက်လုပ်နိုင်ခဲ့ပေမယ့် လေကြောင်းခရီးသွားဆိုင်ရာ ကိုဗစ် 19 ကန့်သတ်ချက်တွေကြောင့် ထိုအဆောက်အအုံကို ယခုထိ မဖွင့်လှစ်ရသေးပါဘူး။

Ref- Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.