မော်လမြိုင် ၊ ဧပြီ (၂၀)

ကယားပြည်နယ် တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်က လူမြင်တာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်မပြန်ဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်က သတိပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားသလို ပြည်သူတွေ ရွာထဲဝင်ရောက်လာရင်လည်း ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာပါ။

ဒါကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်ပြန်တာ မလုပ်ကြဖို့နဲ့ တိုက်ပွဲတွေ မရှိတော့မှ နေရပ်ပြန်ကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။



အခုဧပြီလ အစောပိုင်းတုန်းကလည်း လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ နေရပ်ပြန်လာတဲ့ မိသားစုဝင် တစ်စုရဲ့ ခြံဝင်အတွင်း စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲတာကြောင့် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ဒီမော့ဆိုမြို့နဲ့လွိုင်ကော်မြို့ပေါ်တွေမှာ နေရာယူထားပြီး အနီးနားကျေးရွာတွေကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

ကယားပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၂ သိန်းကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ စစ်ရှောင်စခန်းတွေမှာ ပုန်းခိုနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.