ဘန်ကောက် ၊ ဧပြီ (၉)

ဟီရိုရင်းနဲ့ စိတ်ကြွဆေးတွေကို မှောင်ခိုကူးသန်းပြီး မြန်မာနဲ့ သီရီလင်္ကာနိုင်ငံက လက်နက်ကိုင် အဖွဲ့တွေအတွက် အမေရိကန်ထုတ် ပဲ့ထိန်း ဒုံးကျည်တွေလဲလှယ်ဖို့ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ဂျပန်ရာကူဇာနဲ့ ထိုင်းနိုင်ငံသားသုံးယောက်ကို အမေရိကန်ပြည်ထောင်စုက ဖမ်းဆီးလိုက်ပါတယ်။

အမေရိကန်တရားမျှတမှုဦးစီးဌာနဲ့ ပြောဆိုချက်တွေအရတော့ အဲ့ဒီ လူသုံးယောက်ဟာ မူးယစ်ဆေးဝါး  နဲ့  လက်နက်မှောင်ခိုမှုနဲ့ငွေကြေးခဝါချမှုတွေကြောင့် နယူးယောက်မြို့ထဲမှာ ဖမ်းဆီးခံခဲ့ရတာပါ။

 ဖမ်းဆီးခံရသူတွေဟာ တရုတ်နဲ့ နယ်စပ်ဧရိယာကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ UWSA ဆီကနေ ဟီအိုရင်းနဲ့ စိတ်ကြွဆေး ပမာဏအမြောက်အများကို လျှို့ဝှက် ဝယ်လက်အေးဂျင့်တွေဆီကို ရောင်းချဖို့ စီစဥ်ခဲ့‌တာကြောင့် ထိုင်းနိုင်ငံကအမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းစီမံရေးအေးဂျင့်တွေက ၂၀၀၉ ခုနှစ်ထဲက စစ်ဆေးနေခဲ့ကြတာဖြစ်ပါတယ်။

အီဘာဆာဝါအမည်ရ ဂျပန်ဆာကူရာဟာ အော်တိုလက်နက်တွေ၊ဒုံးကျည်တွေ၊စက်သေနတ်တွေနဲ့ မြေပြင်က ဝေဟင်ပစ်တဲ့ ပဲ့ထိန်းဒုံးတွေကို “ဝ”၊KNUနဲ့ RCSS/SSA  အတွက် ဝယ်ယူပေးခဲ့တာဖြစ်တယ် လို့သိရပါတယ်။

 “မစ္စတာ အီဘာဆာဝါနဲ့ သူ့အပေါင်းအပါတွေဟာ  လက်နက်အကြီးအစားတွေကို ဝယ်ယူဖို့ တရားမဝင်မူးယစ် ဆေးဝါးရောင်းချပြီး DEA အေးဂျင့်တွေနဲ့ အပေးအယူတွေ ရှိထားခဲ့ပါတယ်”လို့ အမေရိကန်တရားမျှတရေးဦးစီးဌာန ကပြောပါတယ်။

 တရားမျှတရေးဆိုင်ရာ ဦးစီးဌာနကတော့ အဲ့ဒီလူ  (၄) ယောက်အမေရိကကို  ဘယ်လိုပုံစံရောက်ရှိလာ တယ်ဆိုတာကိုတော့ ရှင်းလင်းတဲ့  ဖြေကြားတာမရှိခဲ့ပါဘူး

မှောင်ခိုရောင်းဝယ်တာနဲ့ လက်နက်ကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ ပြစ်ဒဏ်ဟာ အများဆုံး တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Ref:  Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.