ဘန်ကောက်- ဧပြီ(၉)

ဆယ်ကျော်သက် မိန်းကလေးတွေကိုငွေကြေးနဲ့ လိင်ဝန်ဆောင်မှုပေးဖို့ဖြားယောင်းတဲ့ အမျိုးသမီး (၃)ယောက်ကို ဖမ်းဆီးထားပြီး အဲ့ဒီအမျိုးသမီးတွေထဲက တစ်ယောက်ဟာ ဖြားယောင်းခံထားရတဲ့ မိန်းကလေးငယ်တစ်ယောက်ရဲ့ မိခင်ပါတယ်လို့ သိရပါတယ်။

ဆာရာပူရီနဲ့ချင်းရိုင်းမြို့က အဆောက်အအုံသုံးခုမှာ မိန်းကလေးငယ်တွေကို ပြည့်တန်ဆာအနေနဲ့ ခေါ်ထားတဲ့အဖွဲ့ကို လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးဌာနခွဲက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီး ချိန်မှာ သူတို့ကိုဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ ပြည့်တန်ဆာမိန်းကလေးတွေကို ဖောက်သည်တွေနဲ့ အဓိက ချိတ် ဆက်ပေးသူတွေဖြစ်ပြီး ဖောက်သည်တွေဆီက တစ်ကြိမ်ကို ဘတ်(၃၀၀) ကနေ (၅၀၀) လောက်ထိ ခေါင်းပုံဖြတ်နေသူတွေဖြစ်တယ်လို့သိရပါတယ်။

ဆာဘူရီနဲ့တခြားပြည်နယ်တွေမှာ တွစ်တာနဲ့တခြားလူမှုကွန်ယပ်စာမျက်နှာတွေကိုအသုံးပြုပြီး အသက်(၁၈) နှစ်အောက်မိန်းကလေးတွေနဲ့ လိင်ဝန်ဆောင်မှုပေးနေတာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရဲတပ်ဖွဲ့က စုံစမ်းသိရှိပြီးနောက်မှာတော့ လူကုန်ကူးမှုတားဆီးရေးဥပဒေနဲ့ ရာဇဝတ်တရားရုံးက ဧပြီလ ဆန်းမှာ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ချင်းရိုင်မြို့ထဲက လန်မောင်ဈေးက ဖျားယောင်းခံရတဲ့ 

မိန်ကလေးတစ်ယောက်ရဲ့ မိခင်ဖြစ်သူ အသက်(၄၉) နှစ်အရွယ် အမျိုးသမီးနဲ့ ဆာရာဘူရီခရိုင် ဆွိုင်ဟိုင်က နေအိမ်တစ်အိမ်က အသက်(၃၇) နှစ်အရွယ် မစ္စနာရီဆာ တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ရဲမှူးချုပ် ဝီဝပ်ခမ်ချမ်နမ်က   ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့အမျိုးသမီးတွေဟာ မိန်းကလေးတွေကို အင်တာနက်စာမျက်နှာတွေမှာ  ကုန်ပစ္စည်း ရောင်းချရမယ့်  အလုပ်လုပ်ကိုင်ရမယ်ဆိုတဲ့  မတ်လုံးပေးပြီး  နေ့တိုင်းလိင်ဝန်ဆောင်မှုတွေကို အတင်း အကြပ်ပလုပ်ပေးဖို့ ခိုင်းနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိန်းကလေးတွေအနေနဲ့  သူတို့ခိုင်းစေတဲ့ အလုပ်တွေကို ငြင်းဆန်ရင် ခြိမ်းခြောက်တာရိုက်နှက်ခံရသလို တခြားစော်ကားတာတွေခံနေရတဲ့ အတွက်လက်ခံနေရတဲ့အခြေအနေဖြစ်နေတာလို့ သိရပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.