ဘန်ကောက်_ ဧပြီ(၉)

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့  တွေ့ဆုံခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာဩစ‌တြေးလျသံအမတ်ရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်တဲ့ အာဏာရှင်တွေကို အများယုံကြည်လက်ခံလာအောင် အားဖြည့်ဆောင် ရွက်ပေးတာဖြစ်တယ်လို့လူ့အခွင့်အရေးစောင့်ကြည်ရေးအဖွဲ့HRW က ပြောပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့အရပ်သားအစိုးရကို စစ်တပ်ကအင်အားသုံး အာဏာသိမ်းခဲ့ပြီးနောက်မှာတော့နိုင်ငံတကာရဲ့အဆက်အဆံမခံရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီး ဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကိုလည်း သေစေလောက်တဲ့အထိအင်အားသုံးဖြိုခွင်းနေမှုတွေရပ်တန့်ဖို့  လည်း နိုင်ငံတကာကတောင်းဆိုထားပါတယ်။

 “ဒီတွေ့ဆုံမှုက လက်ရှိအစိုးရကိုတရားဝင်ဖြစ်အောင်လုပ်တာဖြစ်တယ်လို့တော ဩစ‌တြေးလျအစိုးရ အနေနဲ့မယူဆပါဘူး” လို့ ဩစတြေးလျနိုင်ငံခြားရေးဦးစီးဌာနမှ ကတ်ရီနာ ကော်ပါ က လွှတ်တော်ကော် မတီတစ်ခုမှပြောပါတယ်။

ဒါ့အပြင်အသံအမတ်ဟာ အကြမ်းဖက်မှုတွေချုပ်ငြိမ်းပြီး ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ မြန်မာ နိုင်ငံကိုထပ်တလဲလဲတောင်းဆိုခဲ့တဲ့ တွေ့ဆုံမှုသာဖြစ်တယ်လို့လည်း သူကပြောပါသေးတယ်။

ဩစတြေးလျသံအမတ်နဲ့စစ်သံမှူးတို့ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံခဲ့ကြတယ်လို့ အစိုးရပိုင်(မြန်မာ့အလင်း)သတင်းစာမှာဖော်ပြထားပါတယ်။

ဩစတြေးလျအရာရှိတွေဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်တည်းက အကြမ်းဖက်စစ်ခေါင်းဆောင် နဲ့အစည်းအဝေးနဲ့ဖုန်းခေါ်ဆိုမှု (၇)ကြိမ်လောက်ပြုလုပ်ခဲ့ပေမယ့် အာဏာသိမ်းအစိုးရနဲ့ ဘယ်လိုကဏ္ဍ တွေမှာမှ စေ့စပ်ညှိနှိုင်းထားတာမရှိဘူးလို့ ငြင်းဆိုထားကြပါတယ်။

“ဒီအစည်းအဝေးကို ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ပြင်းထန်တဲ့  အကြမ်းဖက်မှုတွေကို ပါဝင်ပတ်သက်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို အထီးကျန်အောင်လုပ်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ဖြိုဖျက်ဖို့ကြိုးစားတာပဲ” လို့ HRW  ၏ မြန်မာသုတေသနပညာရှင် မန်နီမောင်ပြောပါတယ်။

ဒါ့အပြင် HRW က အဲ့ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး နောက်ဆက်တွဲလွှမ်းခြုံမှုတွေဟာ နိုင်ငံပိုင်မီဒီယာ ရဲ့ဖော်ပြချက်အတိုင်းသာဖြစ်တယ်လို့လည်း ပြောပါသေးတယ်။

စစ်ခေါင်းဆောင်တွေနဲ့ဓာတ်ပုံတွဲရိုက်တာ၊လက်ဆောင်ပစ္စည်းလဲတာတွေဟာ ဩစတြေးလျက စစ်ရာဇ ဝတ်မှုနဲ့နိုင်ငံသားတွေအပေါ်လူသားဖြစ်တည်မှုကိုဆန့်ကျင်ပြီးလူမျိုးတုံးသတ်ဖြတ် မှုတွေကိုကျူးလွန်ထားတဲ့ အကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြုပေးသလိုဖြစ်နေတဲ့အတွက် စစ်ခေါင်းဆောင်တွေနဲ့ အစည်းအဝေးတွေကိုရှောင်ရှားပြီး ပိတ်ဆို့တာမြစ်မှုတွေကို ချမှတ်ဖို့ အတွက် မဟာမိတ်တွေနဲ့ ညှိနှိုင်းဖို့ HRW ကတောင်းဆိုထားပါတယ်။

အာဏာသိမ်းစစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အကြံပေး စီးပွားရေးပညာရှင် ဩစတြေးလျ နိုင်ငံသားရှောင်တာနဲကို အာဏာသိမ်းပြီးမကြာခင်ဖမ်းဆီးပြီး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ထောင်ဒဏ်(၁၄) နှစ်ချမှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်အကြမ်းဖက်ပြီး ပြည်သူတွေတင်မြှောက်ထားတဲ့ အစိုးရကို  ဖြုတ်ချတာ ကိုမကျေနပ်တဲ့ ပြည်သူတွေ၊တက်ကြွလှုပ်ရှားသူတွေကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ထားတာ လူ(၁၇၀၀) ကျော်ပြီဖြစ်ပါတယ်။

Ref:bangkok post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.