ဘန်ကောက်_ဧပြီ(၈)

ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားနိုင်ငံကို ထိပ်သီးစက်မှုနိုင်ငံ(၂၀) G-20 အဖွဲ့ကနေ ဖယ်ရှားဖို့ အမေရိကန်နိုင်ငံနဲ့ အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။

G-20 အုပ်စု ရဲ့အလှည့်ကျဥက္ကဌ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကတော့ ဒီကိစ္စကိုလေ့လာဆန်းစစ်တာတွေ လုပ်ဆောင်ပြီးရင် သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်သွားမယ်လို့ မနေ့ကပြောခဲ့ပါတယ်။

 “လောလောဆယ်တော့ ကျနော်တို့က ဒါကို စုံစမ်းနေပါတယ်။ အမှန်ကတော့ G-20 ရဲ့ ဥက္ကဋ္ဌအနေနဲ့ ကျွန်တော်တို့ဘက်ကဒါကိုဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သေချာစဉ်းစားဖို့ လိုအပ်တယ်။ အချိန်ကျလာတဲ့အခါ ကျွန်တော်တို့ရဲ့ ရပ်တည်ချက် ကို လူထုကိုချပြမှာပါ”လို့အင်ဒိုနီးရှား ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Dedy Permadiက

သတင်းဌာနတွေနဲ့ တွေ့ဆုံပွဲမှာပြောပါတယ်။

အင်ဒိုနီးရှားဟာ G-20 ဥက္ကဌရာထူးကို ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာက အီတလီနိုင်ငံကနေလွှဲပြောင်းရယူထား တာဖြစ်ပြီး ဂျာကာတာ၊ဘာလီနဲ့ ယော့ယာကာတာတို့မှာ အစည်းအဝေးပွဲတွေကို  လက်ခံကျင်းပနေတာ ပါ။

”ရုရှားနိုင်ငံအနေနဲ့ ပုံမှန်အတိုင်း ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေမှာဝင်ရောက်ပြီး စီးပွားရေးလုပ်ငန်း တွေလုပ်ဆောင်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ဒါကို သမ္မတဘိုင်ဒင်ကရှင်းလင်းစွာပြောပြီး ဖြစ်သလို ကျွန်တော်တို့သဘောတူထားပြီးသားပါ။”လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ကပြောပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံအနေနဲ့ရုရှားပါဝင်နေတဲ့ နိုင်ငံတကာအစည်းအဝေးပွဲတွေမှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ ပြောပါသေးတယ်။

လာမယ့် ဧပြီလ(၂၀) ရက်နေ့မှာ ပြုလုပ်မယ့် G-20 ဘဏ္ဍာရေးဝန်ကြီးတွေ၊ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတွေ နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်ရဲ့ ဝါရှင်တန်မြို့မှာ ပြုလုပ်မယ့် အစည်းအဝေးတွေ ကိုရည်ညွှန်းပြောဆိုခဲ့တာလို့  သတင်းဌာနတွေမှာဖော်ပြထားပါတယ်။

G-20 ဘဏ္ဍာရေးဝန်ကြီး တွေရဲ့  ဧပြီလမှာ လုပ်မယ့် အစည်းအဝေးအပြီးမှာ ပူးတွဲကြေညာချက်ထုတ် ပြန်မှာ မဟုတ်ဘူးလို့ အမည်မဖော်လိုတဲ့တစ်ယောက်က ပြောခဲ့တယ်လို့ ကျိုဒို သတင်းဌာနမှာ ဖော်ပြ ထားပါတယ်။

ဘဏ္ဍာရေးဆိုင်ရာအစည်းအဝေးတွေကိုတော့ ခေါင်းဆောင်တွေက လူတွေ့နဲ့ အွန်လိုင်းပေါ်ကပါ ဆွေးနွေးသွားမှာဖြစ်ပြီး ရုရှားနိုင်ငံကိုဖိတ်ခေါ်ထားတာရှိမရှိဆိုတာကတော့ အခုချိန်ထိ ရှင်းရှင်းလင်း လင်း မသိရသေးပါဘူး။

Ref:The straits time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.