မော်လမြိုင် ၊ ဧပြီ (၇)

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် မသန်စွမ်း အရေအတွက် ပိုတိုးလာတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

မသန်စွမ်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာတော့ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လို့ ပစ်ခတ်ခံရတာ၊ နွေဦးတော်လှန်ရေး တိုက်ပွဲမှာ ပါဝင် တိုက်ခိုက်ရင် လက်နက်ထိမှန်တာ၊ စစ်ရှောင်ရင်း လက်နက်ထိမှန်တာကြောင့် မသန်စွမ်းသူ ပိုတိုးလာတာ ဖြစ်ပါတယ်။

မသန်စွမ်း ဖြစ်ပွားသူ အရေအတွက်ဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ရာနဲ့ချီ တိုးလာသလို အချိန်မီ ကုသခွင့် မရတာကြောင့် ပြင်းထန်တဲ့ မသန်စွမ်းသူတွေ ဖြစ်သွားနိုင်တယ်လို့ မသန်စွမ်း အရေးကူညီ ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။



“လူလုပ်တဲ့ ဘေးဆိုတာ ကားတိုက်တယ်၊ ရထားတိုက်တယ်၊ မိုင်း ထိတယ်၊ အချင်းချင်း ဓါးနဲ့ခုတ်တယ်၊ အချင်းချင်း ပစ်ကြခတ်ကြ အချင်းချင်း ပဋိပက္ခတွေကြောင့် ဖြစ်တယ်၊ လူလုပ်တဲ့ ဘေးကတော့ တိုးနေလာပြီး ကျွန်တော်တို့ စကား အတိအကျရယ်လို့ မရှိတောင်မှ ကျွန်တော်တို့ သိသလောက်ကတော့ ရာဂဏန်း နီးပါးလောက် ရှိမယ်ထင်တယ်ဗျာ၊ ဖြစ်သွားတဲ့ လူတွေအတွက်က အခုချိန်မှာ ဆေးဝါးကုသမှု လိုတယ်ဗျာ၊ အချိန်မီပေါ့ (၂)ခု ဖြစ်မှာပေါ့ အချိန်မီကုသမှု နောက်တစ်ခုက လုံလောက်တဲ့ ကုသမှုပေါ့၊ အချိန်မီဆိုတာက တစ်ခုခုကြောင့် ဖြစ်သွားပြီးတော့ ကုသတဲ့ ကုသမှုခံရတာ နောက်ကျသွားတယ် အချိန်ဆိုရင် မလိုလားအပ်ဘဲနဲ့ ပိုပြီးတော့ ပြင်ထန်တဲ့ မသန်စွမ်းမှုတွေတောင် ဖြစ်သွား နိုင်တာပေါ့ဗျာနော်”လို့ ဆိုပါတယ်။

ဒါ့အပြင် မသန်စွမ်းသူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြည့်အဝ မရတာအပြင် စီးပွားရေး ကြပ်တည်းမှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ ၁၂ ဒသမ ၈ သန်းဟာ မသန်စွမ်းသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.