FILE - Hong Kong Chief Executive Carrie Lam speaks during a press conference in Hong Kong, on Nov. 23, 2021. Hong Kong leader Lam has announced she will not seek second term. Lam made the announcement Monday, April 4, 2022, at a news conference.(AP Photo/Vincent Yu, File)

ဘန်ကောက် ၊ ဧပြီ (၆)

ဟောင်ကောင်အုပ်ချုပ်ရေး အကြီးအကဲကယ်ရီလမ်သည် ဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဥ်ပြိုင် တော့မည်မဟုတ်ကြောင်း ဧပြီလ ၄ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

 “အုပ်ချုပ်ရေးအကြီးအကဲအဖြစ် ကျွန်မရဲ့ ၅ နှစ်ကြာ သက်တမ်းက ဒီနှစ် ဇွန်လ ၃၀ ဆို ပြည့်ပါပြီး၊ နောက်ပြီး ပြည်သူ့ဝန်ဆောင်မှုကို ထမ်းဆောင်ခဲ့တဲ့ ကျွန်မရဲ့ ၄၃ နှစ်ကျော်သက်တမ်းကို အဆုံးသတ်ဖို့လည်း တောင်းဆိုရပါလိမ့်မယ်” သူမ က‌ ပြောကြားခဲ့ပါတယ်။

 မစ္စ လမ် က နောက်သက်တမ်းအတွက် မပါဝင်ရေး သူမရဲ့ ဦးတည်ချက်ကို ဗဟိုအာဏာပိုင်များထံသို့ ယမန်နှစ်အစောပိုင်းမှာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

နောက်လာမယ့် အုပ်ချုပ်ရေးအကြီးအကဲနှင့်ပတ်သက်ပြီး သူမ က ပြောကြားရာမှာတော့ “သူ သို့မဟုတ် သူမရဲ့ အခန်းကဏ္ဍကို ပြောင်မြောင်စွာ ကစားရန်လိုအပ်သည့် အရေးကြီးဆုံးမှာ နှစ်ခုတွဲ သော တာဝန်ဝတ္တရားတွေကို ပုခုံးထမ်းရခြင်းပါပဲ။ ဟောင်ကောင်အတွက်အပြင် တစ်ချိန်တည်းမှာပဲ ဗဟိုအစိုးရကိုလည်း သူက တာဝန်ခံရမှာပါ” လို့ ဆိုပါတယ်။

 မစ္စ လမ် ရဲ့ ထုတ်ပြန်ချက်သည် မကြာသေးသော ရက်သီတင်းပတ်များအတွင်း ဟောင်ကောင်ရဲ့ အမြင့်ဆုံး အလုပ်ကို မည်သူက ရယူရန်ဟူသည့် ခန့်မှန်းချက်တွေကို အဆုံးသတ်စေခဲ့ပါတယ်။

လက်ရှိ ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်ဟာ ၁၉၈၀ ခုနှစ်မှာ ပြည်သူဝန်ဆောင်မှုကို စတင် ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ မစ္စတာ Leung ရဲ့ အုပ်ချုပ်ရေးအောက်တွင် အတွင်းရေးမှူးအကြီး အကဲအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့ပါတယ်။

 ၂၀၁၇ ခုနှစ် မတ်လအတွင်းမှာတော့ လမ် ဟာ အဖွဲ့ဝင် ၁၂၀၀ ရှိသော ရွေးကောက်ပွဲကော်မတီမှ ၇၇၇ မဲကို ရရှိခဲ့ပြီး ဘဏ္ဍာရေးအကြီးအကဲဟောင်း ဂျွန်တီဆန်နှင့် အငြိမ်းစားတရားသူကြီး ဝူကွက်ဟင် တို့ကို အနိုင်ရခဲ့ပါတယ်။

မစ္စ လမ် ရဲ့ နှုတ်ထွက်ရေး ကြေငြာချက်သည် အနာဂတ်ရှိ ပိုမို အန္တရာယ်များပြီး လှိုင်းထန်သော ဘူမိနိုင်ငံ ရေးအခြေအနေ သာမက ဟောင်ကောင်ရှိ ခက်ခဲကြမ်းတမ်းသော မူဝါဒ ပြောင်းလဲရေး အလုပ် ကို ရင်ဆိုင်နိုင်မည့် အားကောင်းခိုင်မာသော အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့ အခွင့်အရေးတစ်ရပ် ဖြစ်စေမှာပါ  လို့ ပြောခဲ့ပါတယ်။

မစ္စ လမ် ရဲ့ ထွက်ခွာမှုဟာ တရုတ်ရှိ အစိုးရအဖွဲ့တည်ငြိမ်ရေးကို ပိုမိုအာရုံပြုလာသော ဘေဂျင်းကို ထင်ဟင်စေတယ်လို့ အကဲဖြတ်သုံးသပ်သူတစ်ဦးကလည်း ပြောဆိုထားပြန်ပါတယ်။

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.