ဘန်ကောက်- ဧပြီ(၆)

ရုရှားက ယူကရိန်းကိုကျူးကျော်ပြီးနောက် နိုင်ငံတွင်းပိတ်မိနေတဲ့ တရုတ်နိုင်ငံသား(၅)ထောင်ကျော်ကို ဘေးကင်းအောင်ဆောင်ရွက်ပေးပြီး နိုင်ငံမှာပြန်လက်ခံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အစိုးရက အဲ့ဒီလုပ်ဆောင်ချက်ကို အထူးအောင်မြင်မှု   အဖြစ်ဖော်ပြနေပေမယ့် ပြည်တော်ပြန်လာသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ရင်ဆိုင်နေရင်တယ်လို့  သိရပါတယ်။

တရုတ်အစိုးရဟာ ပြည်တော်ပြန်လာသူတွေတွေကို  ရိုမေနီးယားနဲ့ပိုလန်ကတဆင့်  တရုတ်နိုင်ငံရဲ့ မြို့တော်တွေကိုစင်းလုံးဌားလေကြောင်းခရီးစဉ်နဲ့ပြန်ခေါ်လာတာဖြစ်ပြီး ခရီးစဉ်အတွက်  ယွမ် (၁၈၀၀) ဒေါ်လာ(၂၈၃၀) ကောက်ခံခဲ့တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံပြန်ရောက်ချိန်မှာလည်း  အစိုးရသတ်မှတ်ထားတဲ့ ဟိုတယ်တွေမှာ (၁၄) ရက်ကနေ (၂၈)ရက်အထိ Quartine  ဝင်ကြရတဲ့အတွက် ဒေါ်လာ(၅၀၀၀)ကျော်လောက်ကုန်ကျနေတဲ့အခြေ အနေမှာရှိပြီး တချို့သူတွေကတော့ သူတို့အိမ်ပြန်ခရီးအတွက် စဉ်းစားနေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောကြပါတယ်။

“ကျွန်မာတို့က  ကျောင်းသူတွေပါ ဒါကအကျိုးအကြောင့်မသင့်ပါဘူး ဈေးအရမ်းကြီးလွန်းပါတယ်” လို့ တရုတ်နိုင်ငံသူတစ်ယောက်က Al Jazeera သတင်းဌာနကိုပြောပါတယ်။

မတ်လလယ်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေဆိုခွင်ရှိသူWang Webin က  ယူကရိန်းအိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေတဲ့တရုတ်နိုင်ငံသား (၅၂၀၀) ကို နိုင်ငံရဲ့ဘေးကင်းရာရွှေ့ပြောင်းရေးမစ်ရှင်အောင်မြင်ခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

ပြည်တော်ပြန်ဝင်လာတဲ့ နိုင်ငံသားတွေရဲ့ကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီး Al Jazeera သတင်းဌားနက

တရုတ်နိုင်ငံခြား‌ရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမယ့် မေးခွန်းတွေကိုတော့ ချက်ချင်း တုံ့ပြန်ဖြေကြားတာ မရှိခဲ့ပါဘူး။

တရုတ်နိုင်ငံပိုင်မီဒီယာတွေကလည်း ဝေဖန်တာတွေရှိနေပေမယ့်  အစိုးရရဲ့ အားထုတ်မှုတွေကိုပဲ  ထပ်ခါ  တလဲဖော်ပြနေတာတွေ့ရပါတယ်။

တရုတ်ဟာ ယူကရိန်းကတိမ်းရှောင်လာတဲ့  နိုင်ငံသားတွေကို ငွေကြေးကောက်ခံတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး တခြားနိုင်ငံကအစိုးရတွေကတော့ သူတို့နိုင်ငံသားတွေကို အရေးပေါ်အမခဲ့လေကြောင်းခရီး စီစဉ်ပေးခဲ့ကြတယ်လို့သိရပါတယ်။ 

တရုတ်လူမှုကွန်ယက် Weibo အသုံးပြုသူတစ်ယောက်က “ဒီအရာက စီးပွားရေးမဟုတ်ပဲ ဘေးကင်းရာ တိမ်းရှောင်တာဖြစ်တယ်၊ ပြီးတော့ အခမဲ့ မဟုတ်ဘူးဆိုရင်တောင် နည်းပါးတဲ့ နှုန်းထားတစ်ခုဆို ပိုကောင်းပါတယ်” ဟု မှတ်ချက်ပြုထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.