ဘန်ကောက်- ဧပြီ(၆)
တောင်ကိုရီးယားက စစ်ရေးအရထိပ်တိုက်တွေ့ဖို့ရွေးချယ်ရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားတပ်ဖွဲ့ တွေအနေနဲ့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ကင်ဂျုံအန်းရဲ့အစ်မက ပြောပါတယ်။
တောင်ကိုရီးယားရဲ့ မြောက်ကိရီးယားကို တိုက်ခိုက် တာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာကြောင့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးအတွက် ကြီးမားတဲ့ အမှားဖြစ်တယ်လို့လည်း အာဏာရပါတီအကြီးတန်းအရာရှိ မစ္စကင်ယိုဂျုံကပြောကြားခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အခုချိန်မှာတော့ တောင်ကိုးရီးယားမှာ မြောက်ကိုးရီးယားရဲ့ ဘယ်လိုပစ်မှတ်ကိုမဆို တိကျမြန်ဆန်စွာ ထိထိရောက်ရောက် ပစ်ခတ်နိုင်တဲ့ ဖျက်အားပြင်း ဒုံးတွေရှိနေတယ်လို့လည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆာ့ဝုတ် ကပြောပါတယ်။
အဲ့ဒီပြောဆိုချက်ကို မြောက်ကိုရီးယားဘက်ကရှုတ်ချတဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး တောင်ကိုရီးယားအနေနဲ့ ခုခံတိုက်ခိုက်တာတွေဖြစ်ဖြစ် အန္တရာယ်ရှိတဲ့စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာမယ်ဆိုရင် ပြုံယမ်းက ဆိုလ်းရဲ့အဓိက နေရာတွေကို ပစ်မှတ်ထားဖျက်ဆီးသွားမှာဖြစ်တယ်လို့သတိပေးခဲ့ပါသေးတယ်။
မြောက်ကိုရီးယားဟာ ဒီနှစ်ထဲ ပိုအားကောင်းတဲ့ တာဝေးပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့ပီး (၂၀၁၇) ခုနှစ်က ညှိနှိုင်းမှု ရပ်တန့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှုပြန်လည်စတင်ဖို့ ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး တောင်ကိုရီးယားတာဝန်ရှိသူတွေနဲ့ အမေရိကန်အစိုးရက စိုးရိမ်နေကြ တယ်လို့သိရပါတယ်။
“တောင်ကိုရီးယားစစ်တပ်ဟာကျွန်ုပ်တို့နိုင်ငံကိုစစ်ရေးအရလှုပ်ရှားမှုတစ်စုံတစ်ရာမရှိပါကကျွန်ုပ်တို့ အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်သွားမှာမဟုတ်ပါဘူး။တကယ်လို့ တောင်ကိုရီယားက မျက်ကန်းဆန်ဆန် လွဲမှားစွာ စွပ်စွဲပြောဆိုခဲ့တာဖြစ်ဖြစ် ကြိုတင်ချည်းကပ်တိုက်ခိုက်မှုကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ အခြေအနေတွေပြောင်းလဲသွားမှာပါ။ တောင်ကိုရီးယားကိုယ်တိုင်က ကျွန်မတို့ရဲ့ပစ်မှတ်ဖြစ်လာပါလိမ့်မယ်” လို့ မစ္စကင်မ်က ပြောပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားစစ်တပ်အနေနဲ့ မြောက်ကိုရီးယားပိုင်နက်မြေပေါ်ကို ကျူးကျော်လာမယ်ဆိုရင် မထင်မှတ်ထားလောက်တဲ့ ကပ်ဆိုးနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့သူကပြောပါသေးတယ်။
အခုလိုတုံ့ပြန်တာဟာ ခြိမ်းခြောက်တာမဟုတ်ပဲ တောင်ကိုရီးယားနိုင်ငံရဲ့ နျူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံကို စိန်ခေါ်ခဲ့တဲ့အတွက် မြောက်ကိုရီးယားရဲ့တုံ့ပြန်မှုအသေးစိတ်ပဲရှိသေးတယ်လို့လည်း နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အင်္ဂါနေ့ကထုတ်ပြန်ချက်မှာတော့ ပြုံယမ်းအနေနဲ့ ကျွန်းဆွယ်ကို ပြိုပျက်သွားစေမယ့် စစ်ပွဲကို မလိုလားတဲ့အပြင် တောင်ကိုရီးယားနိုင်ငံကိုလည်း သူတို့ရဲ့အဓိကရန်သူအဖြစ် မရှုမြင်ထားဘူးလို့ ထုတ်ပြန်ထားပါတယ်။
Ref: The Straits Times