ဘန်ကောက်- ဧပြီ(၅)

မြန်မာနိုင်ငံမှ သားရဲတိရိစ္ဆာန်တွေကို အွန်လိုင်းကနေတရားမဝင်ရောင်းဝယ်မှုတွေမြင့်တက်နေတဲ့အတွက် သားရဲမျိုးစိတ်တွေ မျိုးတုံးပျောက်ကွယ်သွားနိုင်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ သားရဲတိရိစ္ဆာန်ရန်ပုံငွေ(World Wild Fund) ရဲ့အစီရင်ခံစာတွေအရသိရပါတယ်။

အဒီအစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ဆက်တွဲအဖြစ်နိုင်ငံရေးမငြိမ်သက်မှုအခြေအ ခြေအနေတွေကြောင့် တိရိစ္ဆာန်လွှဲပြောင်းရောင်းချတာတွေကို ဖိအားပေးတားဆီးတာအားနည်းတဲ့ အတွက် အခုလိုအခြေအနေဖြစ်နေတာလို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အစီရင်ခံစာရဲ့ဖော်ပြချက်မှာတော့ ရောင်းဝယ်မှုတွေဟာ (၇၄)ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး မျိုးစိပ် (၁၇၃) မျိုးကိုရောင်းဝယ်ခဲ့ကြပြီး အဲ့ဒီထဲက (၅၄) မျိုးစိပ်ဟာ ကမ္ဘာလုံးဆိုင်ရာမျိုးတုံးပျောက်ကွယ်မှုနဲ့ ရင်ဆိုင်နေရတာပါ။

သားရဲတိရိစ္ဆာန်ရောင်းဝယ်ဖောက်ကားသူတွေရဲ့ Facebook အကောင့်(၆၃၉)ကောင့်ကို သုတေသန ပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပြီး အကြီးဆုံးရောင်းဝယ်သူတွေမှာ လူ(၁၉၀၀၀)လောက်ပါဝင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။

ဆင်၊ဝက်ဝံ၊ မျက်ကွင်းညို မျောက်လွှဲကျော်၊  တီဗီတန် သမင်ပုံတူ တောဆိတ်၊ အန္တရာယ်ရှိသော သင်းခွေချပ်နဲ့ အာရှအကြီးစား ကုန်းလိပ်တို့ ရဲ့အစိတ်အပိုင်းတွေနဲ့ အကောင်လိုက်ရောင်းဝယ်ကြတာဖြစ် ပြီး မျောက်တွေလို နို့တိုက်သတ္တဝါမျိုးစိတ်တွေကိုလည်း အိမ်မွေးတိရိစ္ဆာန်တွေအဖြစ်ဝယ်ယူတာတွေ ရှိနေတယ်လို့သိရပါတယ်။

ရောင်းချဖို့ကြော်ငြာထားတဲ့တိရိစ္ဆာန်တွေထဲမှာ ဆားနဲ့ကိုဗစ်-19 ရောဂါပျံ့နှံ့ဖို့ ရောဂါသယ်ဆောင် တဲ့ သင်းခွေချပ်တွေနဲ့ ကြောင်ကတိုးတွေပါဝင်ပြီး အဲ့ဒီတိရိစ္ဆာန်တွေကို တောရိုင်းတွေထဲက ရှာဖွေဖမ်းဆီး ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“လတ်တလော တိရိစ္ဆာန်ရောဂါတွေ စတင်ပေါက်ဖွားပျံ့နှံ့နေတဲ့အာရှမှာ အမြင့်ဆုံးမှတ်တမ်း နဲ့အတူ ရှိနေတာကိုမြန်မာနိုင်ငံကအွန်လိုင်းသားရဲတိရစ္ဆာန် ကုန်သွယ်ရေးနဲ့ များစွာ သက်ဆိုင်မှုရှိတယ်” လို့ WWF  အာရှ-ပစိတ်ဖိတ် ဒေသန္တရ ဆိုက်ဘာမှုခင်း စီမံကိန်း ဦးဆောင်သူ Shaun Martin ကပြောပါတယ်။

သားရိုင်းမျိုးစိတ်တွေကို ပုံမှန်မဟုတ်တဲ့ ရောင်းဝယ်ဖောက်ကားမှုတွေရှိနေတဲ့အတွက်  လူနဲ့သားရဲမျိုး စိတ်တွေရဲ့ အနီးကပ်ရှိနေတာတွေကြောင့် ကိုဗစ် လိုကာကွယ်ဆေးဒဏ်ခံနိုင်တဲ့ရောဂါအသစ်တွေ ဖြစ်လာဖို့ ပိုများပြီး ရောဂါမျိုးကွဲတွေအတွက် စုံစမ်းဖော်ထုတ်မရတဲ့ လက်ခံကောင်တွေ ပေါ်ထွက်လာ နိုင်တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

“တရားမဝင်သားရဲတိရစ္ဆာန်ကုန်သွယ်တာဟာဇီဝမျိုးကွဲကာကွယ်ထိန်းသိမ်းခြင်းနဲ့ ကျန်းမာရေးလုံခြုံမှု အပေါ်ဖြစ်တန်ချေရှိတဲ့အကျိုးဆက်တွေ(စ‌တဲ့)အမြင်အရဆိုရင်အရေးကြီးတဲ့စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပါတယ်” လို့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကပြောပါတယ်။

 မြန်မာနိုင်ငံက တရားမဝင်သားရဲတိရိစ္ဆာန်ကုန်သွယ်မှုမှာ တိရိစ္ဆာန်တွေနဲ့ ထွက်ကုန်တွေကို ရွှေ့ပြောင်း ချိန်တွေမှာ ပုံမှန်သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ ဘတ်စ်ကားတွေနဲ့ခေတ်နောက်ကျတဲ့ နည်းလမ်းတွေကိုသာ အသုံးပြုနေသေးတဲ့အခြေအနေမှာရှိတယ်လို့ အစီးရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ WWF ရဲ့လေ့လာမှုဟာ နိုင်ငံတွင်း တိရိစ္ဆာန်တွေနဲ့ တခြား သက်ရှိသတ္တဝါတွေရဲ့ အွန်လိုင်းရောင်း ဝယ်တာတွေကို အထူးပြုလေ့လာထားပြီး ထိုင်းနိုင်ငံက အိန္ဒိယနိုင်ငံကို တင်သွင်းတဲ့  တိရိစ္ဆာန်တွေ အကြောင်းလည်းပါဝင်ပြီး တချို့သော ရောင်းဝယ်မှုတွေဟာ တရုတ်နိုင်ငံက တဆင့်ပြုလုပ်ကြတာဖြစ် တယ်လို့ သိရပါတယ်။

WWFဟာမျိုးတုံးပျောက်ကွယ်တော့မယ့်မျိုးစိပ်တွေကို ကမ္ဘာလုံးဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှု တွေထဲက မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို ကိုနားလည်နိုင်ဖို့ လေ့လာမှုတွေစီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: southchinamorningpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.