ဘန်ကောက်-ဧပြီ(၅)

ယူကရိန်းနိုင်ငံ ဘူချာ မြို့မှာ သေဆုံးနေတဲ့ အရပ်သားတွေရဲ့ ဗီဒီယိုဖိုင်တွေရိုက်ကူးခဲ့တာဟာ  ရုရှားနိုင်ငံကို အပြစ်ပုံချဖို့အတွက် အမေရိကန်က အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကုန်နဲ့ နေတိုးတို့က ပြဿနာကို ဦးဆောင်မီးမွှေးနေတာဖြစ်ပြီး သေဆုံးသွားတဲ့ အရပ်သားတွေ ရဲ့ ရုပ်ပံတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက  အရေးတစိုက်ထုတ်ဖော်နေတဲ့ဇာတ်လမ်းတွေဟာ ရုရှားရဲ့ ဂုဏ်သိက္ခာကိုရှုတ်ချဖို့အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။

“ဒီကိစ္စမှာ ကျွန်မထင်မြင်မိတာက ဒီမှတ်တမ်းတွေနဲ့ အစောပိုင်းမှာဘဲ ရုရှားအကြောင်း ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာတာဟာ ဘယ်သူက ဒီဇာတ်လမ်းကို ‘အမိန့်ပေးတယ်’ ဆိုတာကို သံသယဖြစ်စရာမလိုဘူး” လို့သူမကပြောပါတယ်။

ရုရှားတပ်တွေနယ်မြေကဆုတ်ခွာသွားပြီးနောက် မြို့တော် ကိဗ်အပြင်ဘက်က မြို့တွေမှာ ရာနဲ့ချီတဲ့ အလောင်းတွေကို ကြိုးနဲ့ချည်ပြီး အနီးကပ်ပစ်သတ်ထားတဲ့မှတ်တမ်းတွေအတွက် စစ်ရာဇဝတ်မှု ကို စုံစမ်းစစ်ဆေးနေတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။  

ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေဟာ ရုရှားနဲ့ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အနောက်အယှက်ဖြစ်အောင် ရည်ရွယ်လှုံ့ဆော်တာဖြစ်ပြီး ယူကရိမ်းအစိုးရရဲ့ နောက်ထပ်သရုပ်ဖော်တာဖြစ်တ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးက စွပ်စွဲခဲ့ပါတယ်။

ယူကရိန်းမှာ စစ်ရာဇဝတ်မှုကျူးလွန်တာတွေအတွက် အနောက်နိုင်ငံတွေက တောင်းဆိုနေပြီး  ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့တောင်းဆိုနေတာတွေလည်းရှိပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ခုခံတိုက်ခိုက်တာတွေ မြင့်တက်လာပြီးနောက်မှာတော့ တပ်ဖွဲ့တွေရုပ်သိမ်းဖို့ ရုရှားရဲ့ ဖိအားပေးမှုတွေကို အနောက်နိုင်ငံတွေက ရှုတ်ချခဲ့ကြပါတယ်။  

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.