ဘန်ကောက်- ဧပြီ(၅)

မြန်မာနိုင်ငံမှာ ပြည်တွင်းငွေကြေးလဲလှယ်တာကို တစ်ရက်အတွင်းဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က ပြောခဲ့ပြီး စစ်ကောင်စီက နိုင်ငံခြားငွေစီးဆင်းမှုတွေကို ပိုပြီးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

ဗဟိုဘဏ်က မူဝါဒအသစ်တွေကို  သီးခြားကင်းလွတ်ခွင့်ပြဌာန်းပြီး နိုင်ငံခြားက လွှဲပြောင်းလာတဲ့ ငွေကြေးတွေကို လိုင်စင်ရနိုင်ငံခြားငေံကြေးလဲလှယ်ကုန်သွယ်ရေးဘဏ်တွေကနေ လွှဲပြောင်းပေး ဖို့ပြောကြားခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ ဥပဒေကိုလိုက်နာတာမရှိရင်

နိုင်ငံခြားငွေကြေးလဲလှယ်ရေးစီမံခန့်ခွဲမှုဥပဒေအရ အ‌ရေးယူ‌ဆောင်ရွက်မှုတွေကို ရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်လကလည်း  အာဏာပိုင်တွေက  ဒေါ်လာကိုမှီခိုမှုလျှော့ချဖို့နဲံ ငွေကြေးဖောင်းပွမှုဖိအား လျော့ချနိုင်ဖို့အတွက် နယ်စပ်ကုန်သွယ်ရေး လွှဲပြောင်းပေးအပ်မှုတွေမှာ ထိုင်(ဘတ်)ငွေကို   လက်ခံ ဖို့ အစီအစဉ်ရှိထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကြေငြာချက်ကို ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတွေက ထုတ်ပြန်ခဲ့ပြီး တရုတ်(ယွမ်)နဲ့ အိန္ဒိယ(ရူပီ)ကိုလည်း အသုံးပြုဖို့ အစီအစဉ်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 “တကယ်လို့ ကျွန်တော်တို့က ငွေထုတ်မရဘူးဆိုရင် ကျွန်တော်တို့ရှာထားတာမှန်သမျှအားလုံးက ဘဏ်ထဲမှာပဲပိတ်မိနေမှာ” လို့ ပြည်သူတစ်ယောက်ကပြောပါတယ်။

မြန်မာနိင်ငံဗဟိုဘဏ်ရဲ့ တရားဝင်ငွေကြေးလဲလှယ်နှုန်းဟာ အခုချိန်မှာ တစ်ဒေါ်လာ (၁၈၅၀)ကျပ် ဖြစ်နေပြီး အဲ့ဒီနှုန်းထားဟာ မှောင်ခိုဈေးကွက်ထပ်လျှော့နည်းနေတာဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကတာဝန်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် မှတ်ချက်ပေးဖို့တော့ ငြင်းဆန်သွားပါတယ်။

Rrf: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.