ထိုင်းနိုင်ငံဗဟိုဘဏ်က လက်ရှိဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်(Promptpay) ရှိနေပြီး သင့်လျော်တဲ့ ကြားခံငွေကြေးစနစ်မဟုတ်တဲ့အကြောင်းပြချက်နဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုငွေပေးချေဖို့ ခရစ်ပတိုငွေကြေးအသုံးပြုဖို့ တာမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီကြေငြာချက်ရဲ့ အဓိက အချက်တွေမှာ ကုန်စည်နဲ့ ဝန်ဆောင်မှုပေးချေမှုတွေအတွက် ခရစ်ပတိုငွေကြေးရဲ့ ပရိုမိုးရှင်းနဲ့ ကြော်ငြာတွေကို ပိတ်ပင်ထားပြီး ဒီအတောအတွင်း သုံးစွဲသူတွေအ အနေနဲ့ ခရစ်ပတိုငွေကြေးနဲ့ အသုံးပြုတာကိုတွေ့ရှိပါက အော်ပတေတာတွေအနေနဲ့ ငွေလွှဲတာကိုပယ်ဖျက်ပြီး အာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြားသင့်တယ်လို့ ထုတ်ပြန်ထားတာပါ။
“ပြောင်းလဲလို့မရတဲ့ ထိုင်းဗဟိုဘဏ်ရဲ့ အဓိကယုံကြည်ချက်က ငွေကြေးတန်ဖိုးနဲ့ ဘဏ္ဍာရေး စနစ်တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ အစိုးရကရှိနေတာဖြစ်ပါတယ်။ လက်ရှိငွေကြေးစနစ် ဟာ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ တည်ငြိမ်မှုရှိတဲ့အကြောင်းကိုလည်းသက်သေပြခဲ့ပါတယ်။ လက်ရှိ ငွေကြေးစနစ်ဟာ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ တည်ငြိမ်မှုရှိတဲ့အကြောင်းကိုလည်း သက်သေပြခဲ့ပါ တယ် “ လို့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Sethaput Suthiwartnaruput က ပြောပါတယ်။
ခရစ်ပတိုငွေကြေးကို BOT စံနှုန်းတွေနဲ့ ထည့်သွင်းစဉ်းစားခဲ့ပေမယ့် အဲ့ဒီငွေကြေးဟာ ဆန်းသစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ တရားဝင်သတ်မှတ်ချက် တွေနဲ့ ကိုက်ညီမှုမရှိတဲ့အခြေအနေဖြစ်နေတာ လို့သူက ပြောပါ သေးတယ်။
ထိုင်းဘဏ်နဲ့လုံခြုံရေးငွေကြေးလဲလှယ်ရေးကော်မရှင် (SEC ) က ကုန်စည်နဲ့ ဝန်ဆောင်မှု ပေးချေမှုတွေအတွက် ဧပြီလ(၁) ရက်နေ့ကစပြီး ဒစ်ဂျစ်တယ် ဝန်ထောင်မှုတွေကို အသုံးပြုမှု ကန့်သတ်ချက်တွေကိုထုတ်ပြန်ကြေညာခဲ့ပြီး လုပ်ငန်းလုပ်ကိုင်သူတွေအတွက် ဝန်ဆောင်မှု စည်းမျဉ်း တွေကို ချမှတ်ဖို့ကြေညာချက်ထုတ်ပြန်ထားပါတယ်။